ပါဝင်ပစ္စည်းများ

  • ကြက်သား
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • နနွင်းမှုန့်
  • ငြုပ်သီးအကြမ်းမှုန့်
  • ငံပြာရည်
  • ဂျင်း
  • ဆီ
  • ဆား
  • အချိုမှုန့်
  • နံနံပင်

ပြုလုပ်နည်း

  1. ကြက်သားကို အတုံးသေးသေးတုံးပြီး ဆား အချိုမှုန့် ငံပြာရည် နနွင်းမှုန့် တို့နဲ့နယ်ပါ။
  2. ဒယ်အိုး ထဲတွင် ဂျင်းအချောင်း လေးတွေနဲ့ ကြက်သွန်ဖြူ၊ ငြုပ်သီးအကြမ်းမှုန့် တို့ထည့် ဆီသပ်ပါ။
  3. ကြက်သားများ ထည့်ပြီး ရေနည်နည်း နှင့် နူးအောင် တည်ပါ။
  4. ရေအနည်းငယ် ခန်းသွားတဲ့ အချိန်မှာ ကြက်သွန်နီ ပါးပါးလှီး ထားတာထည့်ပါ။
  5. နောက်ဆုံး မှတော့ နံနံပင် ပါးပါး လှီးထားတာကို ထည့်ပါ။

 

Credit: ဒီနေ့ဘာစားကြလဲ