ဟင်းရည် - Soups | ကြက်သား - Chicken
ကြက်သားမျှစ်ချဉ်ဟင်းချို (Chicken Soup With Bamboo Shoots)
June 24, 2016
ကြက်သားမျှစ်ချဉ်ဟင်းချို (Chicken Soup With Bamboo Shoots)
Share this on:
ပါဝင်ပစ္စည်းများ
  • နံနံပင်အရိုး - ၃ ပင် (နုပ်နုပ်စဉ်း)
  • ငရုတ်ကောင်း - ၁ ၀က် (လက်ဖက်ရည်ဇွန်း)
  •  ကြက်သွန်ဖြူ - ၂ ဥ (နုပ်နုပ်စဉ်း)
  •  ရေ - ၃ လုံး (တရုတ်ပန်းကန်လုံး)
  • ကြက်ရင်ပုံ - ၃ ကျပ်ခွဲသား (အတုံးလေးများ)
  • မျှစ်ချဉ် (အဖြူ၊ အ၀ါ) - ၁ တုံးခွဲ (အတုံးလေးများ)
  •  ကြက်သွန်မြိတ် - ၁ ပင် (နုပ်နုပ်စဉ်း)
  • ငံပြာရည် - ၁ ဇွန်း (စားပွဲဇွန်း )
  • ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း )
  • ကြက်သားမှုန့် - ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • သကြား - ၂ ဇွန်း (လက်ဖက်ရည်ဇွန်း )
  • ငရုတ်သီး - ၂ တောင့်(နုပ်နုပ်စဉ်း)
ပြင်ဆင်ချက်ပြုတ်နည်း
  1. ဟင်းချိုအိုးထဲတွင် ရေဆူအောင် တည်ထားပါ ။  နံနံပင်အရိုး ၊ ငရုတ်ကောင်း ၊ ငရုတ်သီးနှင့် ကြက်သွန်ဖြူတို့ကို ထည့်ပါ ။
  2.  ကြက်သားနှင့် မျှစ်ချဉ်ကို ထည့်ပါ ။  ကြက်သားများကျက်လျှင် ဆား ၊ သကြား ၊ ငံပြာရည်နှင့် ကြက်သားမှုန့်တို့ကို ထည့်ပါ ။
  3. ကြက်သွန်မြိတ်လေးများ ဖြူးပေးလိုက်ပြီး ချဉ်စပ်အရသာ ကြက်သားမျှစ်ချဉ်ဟင်းချို ရရှိပါပြီ ။
Credit: ချယ်ရီ (Spicy Forest)
Review
User Rating
0 (0 Votes)