ဟိုတစ်နေ့ကြက်သားမှုန့် အကြောင်း ထုတ်ပြန်စာတစ်ခုကို ဖတ်မိ လိုက်ရာကို အခြေခံပြီး စာဖတ်သူများကို ကျွန်မရဲ့ အမြင်လေးကို တင်ပြချင်တာနဲ့ ဒီစာကို ရေးရတာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူများ အတွက် အကြံပြုစာဆို ရင်လဲမှန်ပါတယ်ရှင်။ ကြက်သားမှုန့်ကိစ္စကို အစားအသောက်စီမံကွပ်ကဲမှု (Food Management) ရှုထောင့် ကနေကြည့်ပြီး အောက်ပါအတိုင်း ကိုင်တွယ် ဖြေရှင်း သင့်တယ်လို့ ကျွန်မ ကတော့ အကြံပြုချင်ပါတယ်။

ပထမဦးစွာ ဘာကြောင့် ကြက်သားမှုန့်ဟာအချိုမှုန့်ထက်ဆိုးတယ် ဆိုတာ ကို စားသုံးသူများကို အချက်အလက်စုံစုံလင်လင်နဲ့ အောက်ပါ အတိုင်း အသိပေးသင့်တယ်လို့အကြံပြုပါတယ်။ Knowledge is Power တဲ့ အသိပညာဟာ စွမ်းအင်တစ်ခု ပါဆိုတဲ့ အင်္ဂလိပ် စကားပုံအတိုင်း စာသုံးသူများကို အချက်အလက်စုံစုံလင်လင်နဲ့ အသိပေးချင်းဟာ စွမ်းအင်ပေးချင်းနဲ့ အတူတူပါဘဲ။

ဒါ့ကြောင့် ဒီအရာကတော့ မကောင်းဘူး ဆိုတာနဲ့တင်ရပ်မထားဘဲ ဘာကြောင့်မကောင်းဘူးဆိုတာလေးကို ပါအကျယ်တဝင် ရှင်းပြရင် ပိုကောင်းတယ်လို့ ကျွန်မကတော့ ထင်ပါတယ်ရှင်။ အဲ့ဒီတော့ ကျွန်မက အောက်ပါအတိုင်း ကြက်သားမှုန့်ဟာ အချိုမှုန့်ထက်ဘာကြောင် ပိုဆိုးသလဲဆိုတာလေးကို နံပါတ်စဉ် အလိုက်တင်ပြပါ့မယ်။

  1. ကြက်သားမှုန့်ထဲမှာ တကယ်ကြက်သားမှုန့်ပါဝင်နှုန်းကနည်းလေတော့ အနံ့အရသာနဲ့ပြည့်စုံအောင် Flavouring (အနံ့) ကိုထဲ့ရပါတယ်။ Natural flavour ( သဘာဝ အနံ့) ဈေးကြီးလေတော့ artificial flavour ( အနံ့တု) ကိုအများအားဖြင့်သုံးကြပါတယ်။ အချိုမှုန့်ထဲမှာ အနံ့ မပါပါ
  2. နောက်တစ်ခု ကဈေးကွက်ထဲက ကြက်သားမှုန့်များဟာအမျိုး အစားပေါ်မူတည်ပြီး MSG (အချို မှုန့်) အနည်းအများဆိုသလို ပါပါတယ်။
  3. ကြက်သားမှုန့်အများစုဟာ တာရှည်ခံအောင် စီမံထားရတော့ အနည်းနဲ့အများဆိုသလို တာရှည်ခံဆေး ( preservatives) တွေပါ ပါတယ်။ အဲ့ဒါတွေ အချိုမှုန့်ထဲမှာမပါပါ။
  4. နောက်ပြီး တချို့ကြက်သားမှုန့်တွေဟာ No MSG လိုကြော်ငြာပြီး MSG အစားထိုးတွေကို သုံးပါတယ်။ ဥပမာ E-627, E-631တို့ yeast extract တို့ဖြစ်ပါတယ်။ အဲ့ဒီအရာတွေ ဟာ sodium ပါဝင်နှုန်းများ တဲ့အတွက် MSG in disguise ( MSG ကိုနာမည်ဝှက်ထားတာ) လို့ကျွန်မတို့ အစားအသောက် သိပ္ပံသမားတွေ ကခေါ်ကြပါတယ်။နောက်ပြီး yeast extract ( တံဆေး)ကလည်း များများစားသုံးလျင် မကောင်းပါ။ သူတို့ကို ဘယ်က ရသလဲဆိုတော့ မုန့်ဖုတ်တဲ့ နေရာနဲ့ (beer) ဘီယာ လုပ်တဲ့နေရာတွေက အပိုထွက် ( by products ) အဖြစ်နဲ့ရပါတယ်။ သူတို့ထဲ့ထားတဲ့ မုန့်နဲ့ဘီယာ တွေတောင် ကျွန်မတို့ စားသောက် လို့ရတာ သူတို့ကိုလည်း ကျွန်မတို့စားလို့ရတာပေါ့။ အဲ့ဒီနေရာက ပြသနာမရှိပါ ။ အမှန်တကယ် ပြသနာက သူ့မှာလည်း အချို့မှုန့်နဲ့ ဆတူ sodium (ဆိုဒီယမ်) တွေပါလို့မကောင်းပါ။
  5. နောက်ဆုံး တစ်ခု အချိုမှုန့် အစား ပင်လယ်ရေညှိ တစ်မျိုးရဲ့ အမှုန့်ကို အသုံးပြု တာပါ။ ဒါပေမဲ့ပင်လယ်ရေညှိဟာ ဈေးကြီးလေတော့ ကြက်သားမှုန့်ထဲမှာထဲ့လဲ အနည်းအကျည်းဘဲ ဖြစ်နိုင်တာမို့ကျန်တဲ့ဟာ အများစုက အထက်ကပြောထားတဲ့ အချိုမှုန့် အစားထိုးတွေဘဲ ဖြစ်ဖို့များပါတယ်။ အဲ့တော့ တာဝန် ရှိသူများ အနေနဲ့ ဒီကိစ္စ ဘယ်လို ကိုင်တွယ်သင့်လဲ ဆိုတာလေးကို ကျွန်မက ဒီကနေ အကြံပေးချင် ပါတယ်။၁- ပထမဦးစွာ Chicken flavoured ( flavored) လို့ကြော်ငြာထားတဲ့ တံဆိပ်တွေကို စိစစ်ပါ။ chicken flavoured လို့ပြောချင်းဟာ ကြက်သားမှုန့် စစ်စစ်ကလာတဲ့ အနံအရသာလို့ဆိုလိုပါတယ်။ တခြားအနံ့များ မပါဝင် သင့်ပါ။ ပါဝင်ပါက flavoured အစား flavour့လို သုံးရမှာဖြစ်ပါတယ်။ ဒါမှ စားသုံးသူတွေကဒီအနံ့အရသာဟာ ကြက်သားမှုန့် အစစ်က လာသလား အညွှန်းကိုဖတ်ရုံနဲ့ သိရှိနိုင်မှာ ဖြစ်ပါ တယ်။၂- No MSG လို့ ကြော်ငြာတဲ့ တံဆိပ်တွေထဲ မှာ အချိုုမှုန့် အစားထိုး တွေပါသလား စိစစ်ပါ။ ပါရင် No MSG (အချို မှုန့်မပါ)အစား MSG replaced (အချိုမှုန့် အစားထိုး) လို့ ပြောင်းရေးခိုင်းပါ။ အဲ့ဒါကို ထုတ်လုပ်သူတွေက မလိုက်နာနိုင်ရင်တော့ အများ ပြည်သူလူထုကို အထင်မှား စေတဲ့ No MSG claim ( အချိုမှုန်မပါ စာတမ်း) ကိုသုံးခွင့်မပေးသင့်ပါ။

    ၃- နောက်တစ်ခု ကတော့ ပါဝင်ပစ္စည်းတွေကို ရာခိုင်နှုန်းနဲ့ တကွ အညွှန်းပေါ်မှာ ဖော်ပြခိုင်းတာပါ။ အထူးသဖြင့် ကြက်သားမှုန့်လို့ခေါ်ရင် ကြက်သားမှုန့်တကယ် ဘယ်လောက် ပါသလဲ ဆိုတာကို အညွှန်းပေါ်မှာ ရေးခိုင်းတာပါ။ ဒီနည်းကို လုပ်ခြင်းဖြင့် စားသုံးသူတွေ အနေနဲ့ အညွှန်းကို ဖတ်ပြီး ဘယ်တံဆိပ် ကတော့ ကြက်သားမှုန့် ဘယ်လောက် ပိုပါတယ် စသည်ဖြင့် ချင့်ချိန်ဝယ်ယူနိုင် မှာဖြစ်ပါတယ်။

    ၄- နောက်ဆုံး အနေနဲ့ကတော့ အစားအသောက်တွေထဲမှာ အချို မှုန့်နဲ့အချိုမှုန့် အစားထိုး အရာများ ပါဝင်နှုန်း ထားကို သတ်မှတ်တာပါ။ (ဥပမာ အစားအသောက် ၁၀၀ဂရမ် မှာ မည်ရွေ့မည်မျှထက် ပိုမပါရဘူး) လို့စံနှုန်း သတ်မှတ် တာဘဲ ဖြစ်ပါတယ်။ အဲ့ဒီလို သတ်မှတ်ချင်း အားဖြင့် ထုတ်လုပ်သူတွေ အနေနဲ့စားသုံးများ အတွက် ဥပါဒ် ဖြစ်နိုင်လောက် တဲ့အထိ အချိုမှုန့် အများအပြား ထဲ့ခြင်းကို မလုပ်နိုင် တော့တဲ့ အတွက် စားသုံးသူများကို ကာကွယ်ရာ ရောက်ပါတယ်။

  6. အများ စားသုံးသူများ ကောင်းကျိုးအတွက် ရည်ရွယ်ပြီး ကိုယ်တတ်တဲ့ ပညာရပ်နဲ့ လဲ ပတ်သက်တဲ့ အတွက် ဒီအကြံပြုစာကို ရေးခြင်းသာ ဖြစ်ပါတယ်။ ဘယ်ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ဘယ်အဖွဲ့အစည်း ကိုမှ ထိခိုက် စေလိုခြင်း အလျဉ်းမရှိပါလို့ ဒီနေရာကနေ ပြောပါရစေရှင်။

Credit: မြန်မာအစားအသောက်စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့်ပညာပေးရေး