ငပိချက် | ရခိုင် - Rakhine | ကြက်သား - Chicken

ကြက်သားရခိုင်ငပိချက်

July 4, 2016

ကြက်သားရခိုင်ငပိချက်

Share this on:

ပါဝင်ပစ္စည်းများ

  • Chicken Wing Stick
  • ငရုတ်သီးစိမ်း (စားနိုင်သလောက်)
  • မန်ကျည်းသီးမှည့်
  • အချိုမှုနှ်ု
  • နံနံပင်
  • ဆား
  • ဆနွင်းမှုန့်
  • ငပိ
  • ဆီအနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ငရုတ်သီးစိမ်းကို ရေနည်းနည်းနဲ့ ရေခမ်းပြုတ်ပြီး မညက်တညက် ကြိတ်ထားပေးပါ။
  2. အိုးတစ်လုံးထဲမှာ ကြက်သားကို ဆား ၊ အချိုမှုန့် ၊ ဆနွင်းမှုန့်နည်းနည်း ၊ ငပိ(ကြိုက်သလောက်) ရေဖျော်ထည့် (ငပိများသွားရင်လည်းမကောင်းပါ၊) ငရုတ်သီးစိမ်းကြိတ်ထားတာထည့် ၊ ဆီပါတယ်ဆိုရုံလေးထည့် ၊ ရေထည့်ပြီး တည်ထားပါ ။
  3. ဆူပြီဆို ကြက်သားနူးမနူးကြည့် ၊ နူးပြီဆို မန်ကျည်းမှည့် ဖျော်ထားတာထည့်ပြီး ဆူအောင်စောင့်ပါ ။ ဆူလာပြီဆို နံနံပင် အုပ်ပြီး စားလို့ရပါပြီ ။
Credit: BabyAngle

Review

User Rating

2.9 (18 Votes)