အကြော် - Fried | ကြက်သား - Chicken

ကြက်သားအမျှင်ကြော်

September 12, 2016

ကြက်သားအမျှင်ကြော်

Share this on:

အိမ်က ကလေးတွေရော တူတူမတွေရောရဲ့ အကြိုက် ကြက်သားအမျှင်ကြော် ။  ကလေးအားလုံး ဘော်ဒါ သွားတော့လည်း  ကြက်သားအမျှင်ကြော် ။  သူတို့အားလုံး အိမ်ထောင်တွေကျ ၊ ကလေးတွေ ရတော့လည်း ဘာစားမလည်းဆို  ကြက်သားအမျှင်ကြော် ။  ကျမတို့ မိသားစုတွေရဲ့ အကြိုက် ကြက်သား အမျှင်ကြော် လုပ်နည်းကို ရှယ်လိုက်ပါတယ် ။  မြန်မာကြက်နဲ့ ကြော်တဲ့ ကြက်သား အမျှင်ကြော် ကတော့ အကောင်းဆုံးပါ ။

14285085_10154797402988132_1405646466_o

ပါဝင်ပစ္စည်းများ

  • ကြက်သား - ၁ ကောင် (၄ပိုင်း ပိုင်းထားပါ)
  • ဂျင်း - လက်နှဆစ် ( အပြားထူထူလှီးပြီး တပြားရိုက်ထားပါ)
  • ကြက်သွန်ဖြူ - ၁ ဥ (တပြားရိုက်ရ်ျ သေးသေးလှီးထားပါ)
  • ကြက်သွန်နီ ဥသေး - ၂ ဥ (ပါးပါးလှီးထားပါ)
  • ငံပြာရည် - ၆ဇွန်း (ထမင်းစားဇွန်း)
  • ငရုပ်ကြမ်းမှုန့် အစပ် - ၅ ဇွန်း (ထမင်းစားဇွန်း)
  • နနွင်းမှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်
  • ခနောမှုန့် - ၁ ဇွန်း (လဖက်ရည်ဇွန်း)
  • ဆီ - ၅ ကျပ်သား

ပြုလုပ်နည်း

  1. အိုးထဲတွင် ရေကို ကြက်သားမြုပ်ရုံ ထည့်ရ်ျ ဂျင်း ၊ ငံပြာရည်တို့နှင့် ပြုပ်ပါ ။
  2. အသားနူးလျှင် အိုးထဲမှ ဆယ်ရ်ျ အအေးခံပါ ။ အေးသွားသည့် ကြက်သားများကို အရိုးတခြား ၊ အသားတခြား ဖယ်ပါ ။ ပြီးလျင် အသားများကို မျှင်မျှင်လေးဖြစ်အောင် မျှင်ပါ ။
  3. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နနွင်းမှုန့် များနှင့် ဆီသတ်ပါ ။
  4. ဆီသတ်ထားသော ကြက်သွန်အရောင် ပြောင်းပြီး အနံ့မွှေးလာလျင် ငရုပ်ကြမ်းမှုန့်ကို ထည့် ၊ မွှေပြီးလျင် မျှင်ထားသော ကြက်သား ၊ ငံပြာရည် ၊ ခနောမှုန့် ကိုထည့်ပါ ။
  5. ပြီးလျင် ကြက်သားကို နှံ့စပ်အောင် မွှေရ်ျ မီးအေးအေးဖြင့် ကြွပ်အောင် ကြော်ပါ ။ မကြာခဏ မွှေပေးပါ ။
  6. ကြက်သားများ အရောင်ပြောင်းလာလျင် အပေါ့အငံ မြည်းရ်ျ လိုအပ်သည်များကို ထည့်ပြီး အရသာရှိသော ကြက်သားမျှင်ကြော် စပ်စပ်လေးကို ထမင်း ပူပူလေးနှင့် သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

5 (1 Votes)