ကြက်သား ကော်ပြန့်စိမ်း

Share this on:

ပါဝင်ပစ္စည်းများ

  • ကော်ပြန့် ရွက် - ၂၀ရွက်
  • ကြက်ရင်ပုံသား - ၅ကျပ်သား
  • ပဲပင်ပေါက် - ၅ကျပ်သား
  • ဂေါ်ဖီထုပ် - ၅ကျပ်သား
  • မုန်လာဥနီ - ၁ဥ
  • ပဲပြား - ၁တုံး
  • ကြက်သွန်မိတ် - ၅ပင်
  • ကြက်သွန်ဖြူ - ၃မွှာ
  • ခရုဆီ - အနည်းငယ်
  • ဆီ - အနည်းငယ်
  • ဆား - အနည်းငယ်
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • ငရုတ်ဆီ

ပြုလုပ်နည်း

  1. ကြက်ရင်ပုံသားကို သန့်စင်ပြီး ပါးပါးလှီးပါ။ ဆား၊ ငရုတ်ကောင်းမှုန့်ဖြင့် နယ်ပါ။ ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ပါ။
  2. ဂေါ်ဖီထုပ်ကို ရေဆေး၊ ပါးပါးလှီးပြီး ရေစစ်ပါ။ မုန်လာဥနီ၊ ပဲပြားကို ပါးပါးလှီးပြီး ရေစစ်ပါ။
  3. ကြက်သွန်မိတ်ကို အနေတော်ဖြတ်ပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စင်းပါ။
  4. ဒယ်အိုးထဲ ဆီပါလေကာ ထည့်ပြီး ကြက်သွန်ဖြူကို ဆီသတ်ပါ။ ကြက်သားကို ထည့်ပါ။ အစာပလာ အားလုံးကို တစ်ခုချင်းစီ ဆက်တိုက်ထည့်ပါ။
  5. ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆား အနည်းငယ်ထည့်ပြီး အရသာ ပြင်ပါ။
  6. အရွက်တွေ ကြော်တဲ့အခါ ဟင်းရည် ထွက်လာလျှင် ဇကာဖြင့် ဆယ်ပြီး စစ်ပါ။
  7. ကော်ပြန့် ရွက်တွေကို ရေစိုအ၀တ်ဖြင့် အုပ်ပါ။ ရေအနည်းငယ်ကို ပန်းကန်လေးဖြင့် ထည့်ပါ။
  8. ကော်ပြန့် ရွက်တစ်ရွက်ကို ယူပြီး အစာအနည်းငယ်ကို ထည့်ပြီး လိပ်ပါ။ ပြီးလျှင် အနားသားကို ရေဆွတ်ပြီး ပိတ်ပါ။

Credit: KaeKae's Food Palace

Review

User Rating

5 (1 Votes)