ဟင်းသီးဟင်းရွက် - Vegetables | ကြက်သား - Chicken

ကြက်သားကော်ပြန့်စိမ်း

April 23, 2016

ကြက်သားကော်ပြန့်စိမ်း

Share this on:

43a

 

ပါဝင်ပစ္စည်းများ

  • ကော်ပြန့် ရွက် - ၂၀ရွက်
  • ကြက်ရင်ပုံသား - ၅ကျပ်သား
  • ပဲပင်ပေါက် - ၅ကျပ်သား
  • ဂေါ်ဖီထုပ် - ၅ကျပ်သား
  • မုန်လာဥနီ - ၁ဥ
  • ပဲပြား - ၁တုံး
  • ကြက်သွန်မိတ် - ၅ပင်
  •  ကြက်သွန်ဖြူ - ၃မွှာ
  • ခရုဆီ - အနည်းငယ်
  • ဆီ - အနည်းငယ်
  • ဆား - အနည်းငယ်
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • ငရုတ်ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1.  ကြက်ရင်ပုံသားကို သန့်စင်ပြီး ပါးပါးလှီးပါ ။  ဆား ၊ ငရုတ်ကောင်းမှုန့်ဖြင့် နယ်ပါ ။   ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ပါ ။
  2.  ဂေါ်ဖီထုပ်ကို ရေဆေး ၊ ပါးပါးလှီးပြီး ရေစစ်ပါ ။   မုန်လာဥနီ ၊ ပဲပြားကို ပါးပါးလှီးပြီး ရေစစ်ပါ ။
  3.  ကြက်သွန်မိတ်ကို အနေတော်ဖြတ်ပါ ။  ကြက်သွန်ဖြူ ကို ဓားပြားရိုက်ပြီး နုပ်နုပ်စင်းပါ ။
  4. ဒယ်အိုးထဲ ဆီပါလေကာ ထည့်ပြီး ကြက်သွန်ဖြူ ကို ဆီသတ်ပါ ။   ကြက်သားကို ထည့်ပါ ။   အစာပလာ အားလုံးကို တစ်ခုချင်းစီ ဆက်တိုက်ထည့်ပါ ။
  5. ခရုဆီ ၊ ပဲငံပြာရည်အကြည် ၊ ဆား အနည်းငယ်ထည့်ပြီး အရသာ ပြင်ပါ ။
  6. အရွက်တွေ ကြော်တဲ့အခါ ဟင်းရည် ထွက်လာလျှင် ဇကာဖြင့် ဆယ်ပြီး စစ်ပါ ။
  7.  ကော်ပြန့်ရွက်တွေကို ရေစိုအ၀တ်ဖြင့် အုပ်ပါ ။ ရေအနည်းငယ်ကို ပန်းကန်လေးဖြင့် ထည့်ပါ ။
  8.  ကော်ပြန့်ရွက်တစ်ရွက်ကို ယူပြီး အစာအနည်းငယ်ကို ထည့်ပြီး လိပ်ပါ ။   ပြီးလျှင် အနားသားကို ရေဆွတ်ပြီး ပိတ်ပါ။  နှစ်သက်ရာ အချဉ်ဖြင့် တွဲစားနိုင်ပါပြီး ။
Credit: KaeKae's Food Palace

Review

User Rating

1.5 (2 Votes)