ပါဝင်ပစ္စည်းများ

  • ကြက်-၁ကောင်
  • ဆန်ပြားခေါက်ဆွဲ-၁ထုပ်
  • ကြက်သွန်ဖြူ -၁လုံး
  • ပဒဲကော-၁တက်
  • ငရုပ်ကောင်းမှုန့်-၁ဇွန်း
  • ဆား-၁ဇွန်း
  • အချိုမှုန့်-၁ဇွန်း
  • ကြက်သွန်ဖြူ ဆီချက် 9. ြ
  • ငြုပ်သီးအကျက်မှုန့်/ငြုပ်သီးဆီချက်
  • မြေပဲလှော်
  • ကန်ဇွန်းရွက်
  • ကြက်သွန်မိတ်
  • နံနံပင်/ရှမ်းနံနံ
  • ဂေါ်ဖီထုပ်
  • ပဲပင်ပေါက်
  • ငြုပ်သီးအနီတောင့်-၃တောင့်။
  • ဆိပ်ဖူးဥ-၁ဥ
  • ပဲငံပြာရည်-၁ဇွန်း(စားပွဲတင်ဇွန်း)
  • သကြား-၁ဇွန်း (လဖ္ဘက်ရည်ဇွန်း)
  • ရှာလကာရည်-၁ဇွန်း(စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ဆန်ပြားခေါက်ဆွဲ ၁ထုပ်ကို ရေနဲ့မိနစ်(၃၀)ခန့် အရင် စိမ်ထားပါ။ ကွေ့တယိုဖတ်ကို နောက်ဆုံးမှ ရေနွေးဖျော(သို့) ခပ်မာမာ လေးပြုတ်ပါ။ခေါက်ဆွဲအပြားကြီး၊ အသေး ၊ အလုံးသေး၊ အမျိုးမျိုးရှိတယ်။ ကြိုက်နှစ်သက်ရာ နဲ့လုပ်နိုင်ပါတယ်။
  2. ကြက်၁ကောင်ရဲ့ အရိုး၊ အသားကို သန့်ရှင်းပြီး ရေစစ်ထားပါ။ ပေါင်နဲ့ရင်ဘုံကိုမတုံးဘဲအခုလိုက်ထည့်ပြုတ်ပါ။
  3. အပြုတ်ရည်အိုးထဲကို ကြက်သားပေါင် နဲ့အရိုးများကို ရေအိုး တဝက်ခန့် ထည့်၍ ပြုတ်ပါ။ ပဒဲကောကို အကွင်းလိုက် ပါးပါး လှီးပြီးမှ ထည့်ပါ။ဆိပ်ဖူးဥ၁ဥကို ထောင်းထည့်ပါ။ ကြက်သွန်ဖြူ ၁လုံးနဲ့ ငရုပ်ကောင်းမှုန့် ၁ဇွန်းကို ရော၍ ထောင်းပြီး အပြုတ်အိုးထဲ ထည့်ပြုတ်ပါ။
  4. ဆား၊အချိုမှုန့် ထည့်ပြီးနူးအောင် ပြုတ်ပြီး အသားတွေကို ဆယ်ယူပြီး ovenထဲထည့်၍ ကင်ပါ။ မီးအပူရှိန် ၁၅၀ဒီဂရီနဲ့ ၁၅မိနစ်ခန့် ကင်ပေးပါ။ မကင်လည်း ရပါတယ်၊ အသားကို ပါးပါး လှီးထားပါ။
  5. ကြက်သွန်ဖြူကို ထောင်းပြီး ဆီချက် ချက်ထားပါ။ ငြုပ်သီးဆီချက်၊ ငရုပ်ကောင်းမှုန့်၊ သကြား၊ အချိုမှုန့်၊ ပဲငံပြာရည် တို့ကို အသင့်ပြင် ထားပါ။

ရှာလကာရည်ကို အချဉ်ရည်ဖျော်ထားရန်။

1. ပုဂံလုံးထဲကို ရေအနည်းငယ်၊ ရှာလကာရည် ၂ဇွန်း၊ ငံပြာရည် ၁ဇွန်း၊ အချိုမှုန့် အနည်းငယ်၊ ဆားအနည်းငယ်၊ငြုပ်သီးစိမ်း ၅တောင့်လောက် ပါးပါးလှီး ထည့်ပါ။
2. ဂေါ်ဖီ၊ ကန်ဇွန်းရွက် ၊ပဲပင်ပေါက် တို့ကို ရေနွေးဖျော ထားပါ။ ကြက်သွန်မိတ်၊ နံနံပင်၊ ရှမ်းနံနံတို့ ပါးပါး လှီးထားပါ။ကွေ့တယို အသုပ်လုပ်ဖို့ မြေပဲလှော်ကို မညှက်တညှက် ထောင်းထားပါ။

ကွေ့တယိုပွဲပြင်ရန်

1. အသားပြုတ်ရည် အိုးကို ပွက်ပွက် ဆူအောင် တည်ထားပါ။
2. ကွေ့တယို အဖတ်ကို ရေနွေးဖျောပြီး ဘမ်းနဲ့ထည့်ထားပါ။ ပုဂံထဲကို ကွေ့တယိုဖတ် လိုသလောက် ထည့်ပါ။ အသားထည့်ပါ။ပါဝင်တဲ့ အရွက်များကို ထည့်ပါ။ ရှာလကာ အချဉ်ရည် ၂ဇွန်း၊ ဆီချက် ၁ဇွန်း ၊ငြုပ်သီးဆီချက် ၁ဇွန်း၊ သကြား ၁ဇွန်း၊ ငရုပ်ကောင်း အလှော်မှုန့် ၁ဇွန်း၊အချိုမုန့် အနည်းငယ်၊ ပဲငံပြာရည် ၁ဇွန်း၊အားလုံး စုံပြီးဆိုရင် အပြုတ်ရည် ပူပူယောက်ခွက်နဲ့ ၁ဇွန်းထည့်၍ အပေါ့အငံ စိတ်ကြိုက် မြည်းပြီး သုံးဆောင်လို့ ရပါပြီ။

ကွေ့တယိုသုပ်ရန်။

1. ပုဂံထဲကို ကွေ့တယိုဖတ် လိုသလောက် ထည့်ပါ။ အသား ထည့်ပါ။ ပါဝင်တဲ့ အရွက်များကို ထည့်ပါ။ ရှာလကာအချဉ်ရည် ၂ဇွန်း၊ဆီချက် ၁ဇွန်း၊ ငြုပ်သီးဆီချက် ၁ဇွန်း၊ သကြား ၁ဇွန်း၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ ပဲငံပြာရည် ၁ဇွန်း၊ မြေပဲလှော်မှုန့် ၂ဇွန်း ထည့်ပြီး သုပ်ပါ။အပေါ့ အငံမည်းပြီး သုံဆာင်လို့ ရပါပြီး။
2. အသုပ်လုပ်စားရင် အပြုပ်ရည်ကို ပုဂံတလုံးမှာ ထည့်ပြီး ၊ဟင်းချိုလို ချဉ်ငံစပ်ဖြစ်အောင် လုပ်ပြီး အသုပ်နဲ့ တွဲစားပါ။

Credit: ‎Sabeedar Sofee‎