ကြက်သား ခရုဆီကြော် နှင့် အာလူးကြော်

Share this on:

ကလေးတွေ ကျောင်းထမင်းချိုင့် အတွက် လွယ်ကူပြီး ကလေးများလည်း နှစ်သက်တဲ့ ဟင်းတွဲလေးပါ ။

14356017_10154809472288132_220923193_n

14375139_10154809250058132_2137941230_o

ပါဝင်ပစ္စည်းများ

  • ကြက်သားရင်ဘုံ - ၁ခု (လက်တဆစ် အရွယ်ခန့် အတုံးတုံးထားပါ)
  • ကြက်သွန်နီ - ၁ လုံး (လေးစိတ်စိပ်ထားပါ)
  • ကြက်သွန်ဖြူ - ၁ မွှာ (တပြား ရိုက်ထားပါ)
  • ဆား - အနည်းငယ်
  • ရေ - အနည်းငယ်
  • ကြက်သွန်မိတ် - အနည်းငယ်
  • အာလူး - ၂ လုံး (ပြုတ်ရ်ျ လေးထောင့်အတုံး တုံးထားပါ)
  • ဆီ - ကြော်ရန်

ပြုလုပ်နည်း

  1. (အာလူးကြော်)
  2. အာလူးကို ပြုတ်ရ်ျ လေးထောင့်အတုံး တုံးထားပါ ။
  3. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး အာလူး အတုံးလေးများကို ထည့်ရ်ျ အပေါ်ယံ တင်းရုံသာ တထပ် အရင်ကြော်ပြီး ဆယ်ရ်ျ ဆီစစ်ထားပါ ။
  4. စားခါနီးမှ နောက်တထပ် ပြန်ကြော်ပါ ။ အာလူးကြော် ကြွပ်ကြွပ်လေးကို ရပြီး ၊ အချိန်ကြာကြာလေးလည်း ကြွပ်ရ်ျ အထားခံပါသည် ။
  5. (ကြက်သား ခရုဆီကြော်)
  6. ကြက်သားရင်ဘုံ အတုံးလေးများကို ဆားအနည်းငယ် ၊ ခရုဆီတို့နှင့် နယ်ပြီးနှုပ်ထားပါ ။
  7. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ကို ထည့်ကြောါပါ ။
  8. ပြီးလျင် နှုပ်ထားသော ကြက်သားရင်ဘုံ အတုံးလေးများကို ထည့်ရ်ျ အိုးထဲရှိ ကြက်သွန်ဖြူ/နီ တို့နှင့် ရောမွှေရ်ျ မီးပြင်းပြင်းနှင့် ကြော်ပါ ။
  9. ပြီးလျင် ရေအနည်းငယ် ထည့်ရ်ျ မီးလျော့ ၊ အဖုံးအုပ်ပြီး ၊ ရေခမ်းရ်ျ ကြက်သား နူးသည်အထိတည်ပါ ။
  10. ကြက်သားနူး ရေခမ်းရ်ျ ဆီပြန်လျင် အရသာ အပေါ့အငံ မြည်းရ်ျ ကြက်သွန်မိတ်အနည်းငယ် ဖြူးရ်ျ သုံးဆောင်နိုင်ပါပြီ ။
  11. ကျောင်းထမင်းချိုင့် ထည့်ရန် ကြက်သားခရုဆီကြော် နှင့် အာလူးကြော် အစဉ်သင့် ဖြစ်ပါပြီ ။
My Food Myanmar

Review

User Rating

5 (1 Votes)