ချက်စားရ လွယ်ကူပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ Korean Ginseng Chicken ချက်နည်းလေးပါ။ ဆေးဖက်ဝင်တဲ့ ပါဝင်ပစ္စည်းတွေ အများကြီးပါဝင်လို့ ကျန်းမာရေးအတွက် အလွန်သင့်တော်မှုရှိလှပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက် တစ်ကောင် 1 Whole Chicken (700 g)
  • ဂျင်စင်မြစ် ၃ ချောင်း Ginseng Roots- 3 Pcs
  • ကောက်ညှင်းဆန် ၄ ဇွန်း (ထမင်းစားဇွန်း) Glutinous Rice 4 Tablespoons
  • ကြက်သွန်ဖြူ ၄ မွှာ Garlic – 4 Pcs
  • စလေဇီးသီး အခြောက် Jujube (Red Dried)

ပြုလုပ်နည်း

  1. ပထမဦးစွာ ကြက်တစ်ကောင်လုံးကိုရေစင်အောင်ဆေးပါ။  ဗိုက်ထဲမှ သွေးခဲနှင့် အညစ်အကြေးများကို ပြောင်နေအောင် စိတ်ရှည်ရှည်ဖြင့် ဆေးပါ ။   သွေးခဲများကျန်နေလျှင် Soup အရောင်မလှတော့ပဲ မဲညစ်ညစ်အရောင်ဖြစ်သွားပါလိမ့်မည်။
  2. သန့်စင်ပြီးကြက်သားဝမ်းဗိုက်ထဲသို့ Gensing Root တစ်ချောင်းထည့်ပါ။  ကျန်သည့် ဂျင်စင်းအမြစ်များကို ကြက်သားပြုပ်သည့် အိုးထဲ အတူ ထည့်ပြုပ် ရပါမည်။
  3. ထို့နောက် ကြက်ဝမ်းဗိုက်ထဲ့သို့ Glutinous Rice ကောက်ညှင်းဆန် လေးဇွန်း ၊  ကြက်သွန်ဖြူ ၊ စလေဇီးသီး အခြောက် ထည့်ပါ ။
  4. ထို့နောက် ကြက်ဝမ်းဗိုက် အရေပြားအား ဟိုဘက် ဒီဘက် ထုတ်ချင်းဖောက်၍ ကြက်ခြေထောက်နှစ်ချောင်းအား ကြက်ခြေခတ်ပုံ ချိတ်၍ ပိတ်ပါ ။ (မလုပ်တက်လျှင် ကြက်ခြေထောက်နှစ်ချောင်းအား ကြိုးဖြင့် ချည်ပြီး ဗိုက်ထဲက အစာများ ထွက်မကျအောင် ပိတ်ပါ ။)
  5. ထို့နောက် ကြက်ပေါင်းမည့် မြေအိုး ၊ ဒန်အိုး သင့်တော်ရာထဲသို့ ထည့်၍ ကြက်သားရေမြုပ်အောင် ထည့်၍ ၄၅-မိနစ် ကြာအောင် ပေါင်းပေးပါ ။
  6. ထို့နောက်(ဆား ၊ ငရုပ်ကောင်းမှုန့်) ထည့်၍ အပေါ့ အငံမြည်းပြီး ပုံတွင် ပါသည့် အတိုင်း ထည့်၍ စားသုံးနိုင်ပါသည် ။

Credit: ဇွဲ သုသု