ကြက်သားကြော်ကို ရိုးရိုးကြော်တာထက် ခုလို ဆွမ်းမွေးရွက်လေးနဲ့ ထုပ်ပြီး လှလှပပ ကြော်ထားတာက တမျိုး စွဲဆောင်မှု ရှိသလို ထူးခြား မွေးပ့ျံတဲ့ အနံ့အရသာ ကိုလည်း ပေးပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား – ၃၀၀ဂရမ်
  • ဆွမ်းမွေးရွက်ကြီးကြီး – နှစ်ပင်
  • ကြက်သွန်ဖြူ -နှစ်မြောင်းသေးသေးစိတ်
  • ငရုပ်ကောင်းဖြူ – လ္ဘက်ဇွန်း တဝက်
  • နံနံမြစ် – နှစ်ပင်သေးသေးစိတ်
  • နံနံစေ့အမှုန့် – လ္ဘက်ဇွန်း တဝက်
  • ယိုးဒယားငံပြာရည် – စားပွဲတင်ဇွန်းတဝက်
  • ပဲငံပြာရည် – စားပွဲတင် ဇွန်းတဝက်
  • ခရုဆီ – စားပွဲတင်ဇွန်း တဝက်
  • နှမ်းဆီမွေး – စားပွဲတင် တစ်ဇွန်း
  • ကြက်သားမှုန့် – လ္ဘက်ဇွန်းတစ်ဇွန်း

ပြုလုပ်နည်း

  1. ကြက်သားကို ရေဆေး သန့်စင်ကာ အတုံးသေးသေး တုံးထားပါ။ ဆွမ်းမွေးရွက်ကို အရင်းမှ ဖြတ်ကာ ရေဆေး သန့်စင် ထားပါ။
  2. ပန်းကန်တခုတွင် ကြက်သားကို ထည့်ပြီး ပါဝင်ပစ္စည်းများ ထည့်ကာ ၁၀မိနစ်ခန့်နှပ်ထားပါ။ အားလုံး အဆင်သင့် ဖြစ်ပါက ဆွမ်းမွေးရွက်၏ အဖျားမှ ကိုင်ကာကတော့ ပုံစံခေါက်ပေးပါ။
  3. ကတော့ ပုံစံခေါက်ထားသော နေရာတွင် ကြက်သားတုံး ၂ တုံးသို့ ၃ တုံး ထည့်ကာ စမူစာခေါက်နည်း အတိုင်း ထုပ်ကာ အဆုံးနား ရောက်လျှင် အစသိမ်းပြီး ကျစ်နေအောင် ဆွဲပေးပါ။
  4. အားလုံးပြီး သွားပါက ဆီပူပူတွင် ၂မိနစ် မှ ၃မိနစ်ချ ကြော်ပြီး ဆယ်ယူ ဆီစစ် ထားပါ။ ဆွမ်းမွေးရွက် အနံ့သင်းပျံ့ နေသော ပူပူနွေးနွေး ကြက်သား ဆွမ်းမွေးရွက်ထုပ်ကို နှစ်သက်ရာ ဆော့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ။

Credit: Sofia Food Paradise