ပါဝင်ပစ္စည်းများ

  • ကြက်သား
  • အာလူး
  • ဥနီ
  • ပန်းဂေါ်ဖီ
  • ဂျုံမှုန့် Tablespoon ၃ဇွန်း
  • ပဲငံပြာရည် အနောက်ကို Teaspoon
  • ကြက်သွန်ဖြူ
  • ငံပြာရည်
  • ဂျင်း
  • ဆီနည်းနည်း
  • ဆား
  • အချိုမှုန့်

ပြုလုပ်နည်း

ကြက်သားကို ဆား၊ အချိုမှုန့်၊ ငံပြာရည်နှင့် နယ်ထားပါ။ ကြက်သွန်ဖြူ နှင့် ဂျင်းကို ဆီနည်းနည်းဖြင့် ဆီသပ်ပါ။ ဆီသပ်ပြီးလျှင် ကြက်သားကို ထည့်လုံးပါ။

ကြက်သား ထဲက ရေခြောက် သွားပြီး ဆီပြန်လျှင် ဆားနဲနဲဖြင့် နယ်ထားသော အာလူး ထည့်ပါ။ လိုသလောက် ရေထည့်ပါ။ အာလူး တဝက်လောက် နူးရင် ဥနီ နှင့် ပန်းဂေါ်ဖီထည့်ပါ။

ခဏကြာလျှင် ဂေါ်ဖီထုတ်ထည့်ပါ။ ပြီးလျှင် ဂျုံမှုန့် ၃ဇွန်းမျှ (Tablespoon) ကို ရေတွင်ဖျော်ပြီး Stew အိုးထဲကို ထည့်ပါ။ ပဲငံပြာရည် အနောက်ကို Teaspoon တဝက် ထည့်ပြီးမွှေပါ။

အချို အပေါ့ အငန်တွက် ဆားနှင့် အချိုမှုန့် (သကြား) ကို အရသာ မြည်းပြီး လိုသလောက် ထည့်ပြီးရင် မီးပိတ်လိုက်လို့ရပါပြီ။

Credit: ဒီနေ့ဘာစားကြလဲ