ကြက်သားကုန်းဘောင်ကြီးကြော်ဆိုပြီးတော့ ဟင်းလျာတစ်မျိုးကို ကြားဖူးကြမှာဖြစ်ပေမယ့်လည်း ပဲပင်ပေါက်ထည့်ပြီးကြော်တာကတော့ ရင်းနှီးလောက်မယ်မထင်ပါဘူးနော်။ အစကတည်းက ကုန်းဘောင်ကြီးကြော်က အရသာရှိတဲ့ဟင်းလျာဖြစ်ပြီး ဝါးလိုက်ရင် ထောက်ခနဲမြည်မြည်သွားတတ်တဲ့ ပဲပင်ပေါက်ကိုထည့်သွင်းထားလို့ စားရတာတစ်မျိုးလေးမြိန်နေမှာပါ။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံ ၂ ခု (လက်မခန့် အတုံးသေးများ တုံးထားပါ)
  • ပဲပင်ပေါက် ၂၀ သား
  • သီဟိုဠ်စေ့ – အနည်းငယ် (လှော်ပြီး)
  • ကြက်သွန်နီ ၁ လုံး (၈ စိတ်စိပ်ထားပါ)
  • ကြက်သွန်ဖြူ ၃ မွှာ (ဓါးပြားရိုက်ထားပါ)
  • ငရုတ်ခြောက်တောင့် – အနည်းငယ်
  • ပဲငံပြာရည် အနောက် ၁ ဇွန်း (ထမင်းစားဇွန်း)
  • ပဲငံပြာရည် အကြည် / Seasoning ၂/၃ ဇွန်း (ထမင်းစားဇွန်း)
  • ဆား – အနည်းငယ်
  • ဆီ – အနည်းငယ်
  • ကြက်သွန်မြိတ် – အနည်းငယ် (မထူမပါး လှီးထားပါ)

ပြုလုပ်နည်း

  1. လက်မခန့် အတုံးသေးများ တုံးထားသော ကြက်သားများကို ပဲငံပြာရည် အနောက်၊ ဆား အနည်းငယ် တို့နှင့် နယ်ထားပါ။ ဒယ်အိုးထဲတွင် ဆီ အနည်းငယ် ထည့်ပြီး ဆီပူလာလျင် ငရုတ်ခြောက်တောင့်များကို ထည့်၍ ကြော်ပါ ။ ပြီးလျင် အိုးထဲမှ ဆယ်၍ ဖယ်ထားပါ။
  2. ငရုတ်သီးကြော်သည့် ဆီထဲတွင် ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ဦးစွာထည့်ပါ။ ပြီးလျင် နယ်ထားသည့် ကြက်သားများကို ထည့်၍ အဖုံးခဏ အုပ်ထားပါ။
  3. ကြက်သားများ နူးခါနီးတွင် ပဲပင်ပေါက် နှင့် ဆား အနည်းငယ် ကိုထည့်ပါ။ ပဲပင်ပေါက် မှ ရေများထွက်လာပါလိမ့်မည်။ ပဲပင်ပေါက် မှ ရေများ ခမ်းခါနီးတွင် သီဟိုဠ်စေ့ကို ထည့်၍ ကြက်သွန်မြိတ်ကို ထည့်၍ အပေါ့အငံမြည်း၍ မီးဖိုပေါ်မှ ချပါ။
  4. စားရန် အသင့် ဖြစ်လျင် ပန်းကန်ထဲတွင် ကြက်သား ပဲပင်ပေါက် ကုန်းဘောင်ကိုထည့်၍ ငရုတ်ခြောက်တောင့်ကြော်များကို ဖြူးပါ။ အချိုမှုန် ၊ ကြက်သားမှုန့့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar