ဟင်း - Curry | အသီး - Fruits | ကြက်သား - Chicken

ကြက် သီဟိုဠ်စေ့ဟင်း

April 26, 2016

ကြက် သီဟိုဠ်စေ့ဟင်း

Share this on:

49

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - ၅၀ ဂရမ် (အတုံးသေးသေးလေးတွေ တုံးထားပါ)ေ
  • ကြော်ထားတဲ့ သီဟိုဠ်စေ့ - ၅၀ ဂရမ်
  • ပြောင်းဖူးအသေးလေးတွေ - အနည်းငယ်
  • မှို - အနည်းငယ်
  • ကြက်သွန်နီခပ်ကြီးကြီး - တစ်လုံးရဲ့ တစ်ခြမ်း
  • ကြက်သွန်ဖြူ - အနည်းငယ်
  • ငရုတ်သီးအခြောက် - ၁ တောင့် (သို့) ၂ တောင့်
  • ကြက်သွန်မြိတ် - ၁ ပင် (သို့) ၂ ပင်
  • ဆီ ထမင်းစားဇွန်း - ၂ ဇွန်း
  • ရေ ထမင်းစားဇွန်း - ၂ ဇွန်း
  • ခရုဆီ ထမင်းစားဇွန်း - ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း - ၁ ဇွန်း
  • ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်းတစ်ဝက်
  • ပဲငံပြာရည်အပျစ်ရည် - လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ကြက်သွန်နီကိုတော့ အတုံးသေးတွေ တုံးပါ ။  ပြောင်းဖူး အသေးလေးတွေနဲ့ မှိုတွေကိုလည်း လှီးချွတ်ထားပါ ။
  2. အားလုံးပြီးပြီဆိုရင် ဒယ်အိုးထဲ ဆီထည့်ပြီး မီးအနေတော်လောက်နဲ့ တည်ပါ ။  ဆီပူလာပြီဆိုရင် ကြက်သား ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီး အခြောက်တောင့်တွေကို ထည့်ကြော်ပါ ။   အသားတွေ တော်တော်လေး ကျက်လာတဲ့အထိ မွှေကြော်ကြော်ပေးပါ ။
  3. အသင့်လှီးချွတ်ထားတဲ့ ကြက်သွန်နီ ၊ ပြောင်းဖူးအနုနဲ့ မှိုတို့ အပြင် သီဟိုဠ်စေ့နဲ့ ရေပါ ထည့်ချက်ပါ ။  အိုးထဲမှာ တရှဲရှဲနဲ့ အသံတွေ ထွက်လာပါလိမ့်မယ် ။  အဲဒါဆိုရင် ခရုဆီ ၊ ပဲငံပြာရည်အကျဲ ၊ အပျစ်နဲ့ သကြားတို့ ထည့်လိုက်ပြီး အားလုံးနှံ့ သွားအောင် မွှေပေးကာ အရသာ မြည်းကြည့်ပါ ။
  4. စိတ်ကြိုက် ဖြစ်ပြီ ဆိုရင် ဟင်းအိုးကို ၁၀ စက္ကန့်လောက် ထားပြီး ကြက်သွန်မြိတ်အုပ်ကာ မီးပိတ်လို့ရပါပြီ ။ (အစပ်ကြိုက်တယ် ဆိုရင်တော့ ငရုတ်သီးတောင့်တွေကို ပိုထည့်နိုင်ပါတယ်။)
Credit: ဗေဒါရီ

Review

User Rating

5 (1 Votes)