မီးဖိုချောင်ဝင်တဲ့ လူအများစုဟာ ကြက်သွန်နီ လှီးတဲ့ အခါမှာ ၄နှစ်သမီး အရွယ်တွေလို ငိုကြတော့တာပါပဲ။ ဒီလို မဖြစ်စေဖို့ နည်းလမ်းလေး တချို့ကို မျှဝေချင်ပါတယ်။ ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းလေးတွေမို့ အသုံးတည့်မှာပါ။ အိမ်ရှင်မတွေရော အိမ်ရှင်ထီးတွေပါ ထပ်မငိုဖို့ တာဝန် ယူပါတယ်။

၁။ မလှီးခင်မှာ ရေခဲသေတ္တာထဲ ထည့်ထားပါ။

Source: wikiHow

ကြက်သွန်နီကို မလှီးခင်မှာ တခြား အလုပ်တွေ လုပ်နေရင်း သူ့ကို ရေခဲသေတ္တာထဲ ခဏ ထည့်ထားလိုက်ပါ။ ၁၅မိနစ်လောက်ပါပဲ။ အေးလာတဲ့ အခါ သူ့ဆီကနေ မျက်ရည်ထွက်စေတဲ့ ဓာတ်တွေဟာ တဖြည်းဖြည်း လျော့နည်းသွားပါတယ်။ အကြာကြီးတော့ မထည့်ထားနဲ့နော်။

၂။ ပေါင်မုန့်ကိုက်ထားပါ

Source: Vorply

စပြီး ကြက်သွန်လှီးတော့မယ် ဆိုတာနဲ့ ပေါင်မုန့် အပိုင်းအစလေးကို ကိုက်ထားပါ။ မျက်လုံးတွေကတော့ မွှန်ပြီး ရဲလာပါလိမ့်မယ် ဒါပေမယ့် မျက်ရည်မကျတော့ပါဘူး. ပေါင်မုန့်ဟာ ကြက်သွန်နီက ထွက်တဲ့ Sulfuric ဓာတ်ပေါင်းကို မျက်လုံးထဲ မဝင်အောင် တားဆီးပေးပါတယ်။ လှီးတာ မပြီးခင် စားမပစ်လိုက်နဲ့ဦးနော်

၃။ သံပုရာရည်ကို ဓါးမှာ သုတ်လိမ်းပါ။

Source: BuzzFeed

ကြက်သွန် မလှီးခင် ဓါးမှာ သံပုရာရည်ကို သုတ်ထားပေးပါ။ သံပုရာသီးရဲ့ စီထရွစ် အက်ဆစ်ဓာတ်ဟာ ကြက်သွန်လှီးလိုက်တဲ့ အခါတိုင်း ဓာတ်ပြုပြီး မွှန်စေတဲ့ ဓာတ်တွေ ထပ်မထွက်လာနိုင်တော့တာပါ။ လွယ်ကူစေမယ့် နည်းလမ်းမို့ အသုံးဝင်စေပါတယ်။

၄။ ဓါးကို မလှီးခင် သွေးထားပါ။

Source: ProCook

တွေးကြည့်ရင်တော့ လွယ်ပါတယ်။ ဓါးတုံးနေရင် လှီးတဲ့အခါ ပိုကြာပြီး ပိုမွှန်စေမှာပါ ဒါကြောင့် ဓါးကို မလှီးခင် နည်းနည်း ဓါးသွေးကျောက်လေးနဲ့ တိုက်လိုက်ပါ။

၅။ ကြက်သွန်လှီးတဲ့အခါ တပ်တဲ့ မျက်မှန်ကို အသုံးပြုပါ။

Source: The Guardian

အနောက်နိုင်ငံတွေမှာတော့ Goggles ဆိုတဲ့ မျက်မှန်ကို အသုံးပြုကြပါတယ်။

၆။ ရေကျနေတဲ့ နေရာမှာ လှီးပါ

Source: xaluan.com

ရေပိုက်ခေါင်းကနေ ရေကို ဖွင့်ထားပြီး အဲ့ဒီအောက်မှာ လှီးရင်လည်း မျက်ရည်ကျမှုကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ရေကုန်တဲ့ အတွက် သိပ်တော့ အဆင်မပြေပါဘူး။

၇။ အနီးမှာ ဖယောင်းတိုင် ထွန်းထားပါ။

Source: Fab How

ကြက်သွန်လှီးတဲ့ အနားမှာ ဖယောင်းတိုင် တစ်တိုင် ထွန်းထားပြီး လှီးရင် မျက်ရည်မကျစေပါဘူး။

ကဲ..ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းလေးတွေ သုံးပြီး စမ်းသပ်ကြည့်ကြစို့။

Featured Image Source: Yuppiechef.com