ကြက်ဟင်းခါးသီးချက်

Share this on:

ပါဝင်ပစ္စည်း

  • ကြက်ဟင်းခါးသီး အလုံးသေး - ၂၀ (ထက်ခြမ်းခြမ်းထားပါ)
  • ကြက်သွန်နီ - ၂ ဥ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ - ၈ မွှာ (ထောင်းထားပါ)
  • ခရမ်းချဉ်သီး - ၃ လုံး (မထူမပါး လှီးထားပါ)
  • မျှင်ငပိ - ၁ ဇွန်း/ ထမင်းစားဇွန်း (အရည်ဖျော်ထားပါ)
  • ငရုတ်ကြမ်းမှုန့် - ၂ ဇွန်း (ထမင်းစားဇွန်း)
  • ဆီ - ၃ ဇွန်း (ထမင်းစားဇွန်း)
  • ဆနွင်း - အနည်းငယ်
  • ဆား - အနည်းငယ်
  • ရေ - အနည်းငယ်

ပြုလုပ်နည်း

  1. ကြက်ဟင်းခါးသီးကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ရ်ျ ဆားနှင့် နယ်ပြီး အခါးရည်တွေ ညှစ်ထုတ်ပြီး ရေသေချာပြန်ဆေးပါ ။
  2. ဒယ်အိုးထဲတွင် ကြက်ဟင်းခါသီး ၊ ထောင်းထားသော ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဆနွင်း ၊ ငရုတ်ကြမ်းမှုန့် ၊ ပုဇွန်ခြောက် ၊ ငပိ ၊ ခရမ်းချဉ်သီး ၊ ဆီ ၊ ဆားတို့ ထည့်နယ်ပြီး လုံးပါ။
  3. မွှေးလာလျှင် ရေအနည်းငယ် ထည့်ပြီး မီးအေးအေးဖြင့် အုပ်ချက်ပါ။
  4. မိနစ် ၃၀ ခန့်တွင် နူးအိနေသော ကြက်ဟင်းခါးသီးချက်ကို အစဉ်သင့်ဖြစ်ပါပြီ ။
  5. အရသာ အပေါ့အငံ မြည်းရ်ျ သုံးဆောင်နိုင်ပါပြီ ။
  6. အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

5 (3 Votes)