ကြက်ဟင်းခါးသီးက ခါးတဲ့အရသာရှိပေမယ့် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်နော်။ ဒီလိုကြက်ဟင်းခါးသီးရဲ့ ခါးတဲ့အရသာကြောင့် မစားချင်ဘူးဆိုသူများအတွက် စားချင်စိတ်ဖြစ်အောင် အဆိမ့်လေးကြော်စားကြမယ်။

ပါဝင်ပစ္စည်းများ

  • ထိုင်ဝမ်ကြက်ဟင်းခါးသီး
  • ဆား
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငြုတ်သီးထောင်း
  • ကြက်သားမှုန့်
  • သကြားအနည်းငယ်
  • ခရမ်းချဉ်သီး
  • ကြက်ဥတစ်လုံး

ပြင်ဆင်ပြုလုပ်နည်း

  1. ထိုင်ဝမ်ကြက်ဟင်းခါးသီးကို ပါးပါးလှီး ဆားနဲ့၁၅မိနစ်လောက် နယ်ထားပါ။
  2. ရေ သို့မဟုတ် ဆန်ဆေးရေနဲ့ဆေးပြီး ညှစ်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငြုတ်သီးတို့ကို ထောင်းထားပြီး ဆီသပ်၍ ကြက်ဟင်းခါးသီးထည့်ပါ။
  3. နွမ်းလာအောင်ကြော်ပါ။ ရေအနည်းငယ်ထည့်ပါ။ ဆားနဲ့နယ်ထားလို့ ဆားလျော့ထည့်ပါ။ ကြက်သားမှုန့်၊ သကြားအနည်းငယ်ထည့်ပါ။
  4. သကြားက အခါးပိုသက်သာစေပါတယ်။ ခရမ်းချဉ်သီး ပါးပါးလှီးထည့်ပါ။ ကြက်ဥတလုံး ထည့်မွှေပါ။ ဆီပြန်လာလျှင် သုံးဆောင်နိုင်ပါပြီ။
  5. ထိုင်ဝမ်သီးကတော့ အခါးသက်သာတယ် မြန်မာသီးကိုလည်း ဒီနည်းအတိုင်းကြော်လို့ရပါတယ်။ အခါးကို တပတ်၃ရက်လောက် စားပါလို့ ဆိုကြပါတယ်

Credit: ချက်မယ် စားမယ်