ပါဝင်ပစ္စည်းများ

  • ကြက်သား နှင့်ကြက်အချင်း – ၂၀ သား
  • COOK နေကြာဆီ – (၅) ဇွန်း (စတီးဇွန်း)
  • ကြက်သွန်နီ – ၃ ဥနှင့် ကြက်သွန်ဖြူ – ၃ မွှာ
  • ပဒဲကော ပါးပါး – ၃ လွှာ
  • တောရှောက်ရွက် – ၃ ရွက်

  • ဂျင်း – (လက်တဆစ်)
  • ငြုပ်သီးအစိမ်းမှုန့် – ၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • တုံယွမ် အနှစ် – ၁ဇွန်း (လက်ဖက်စားဇွန်း)
  • ငြုပ်သီးစိမ်း၊ ဆား၊ နနွင်းနှင့် ကြက်သားမှုန့် – အနည်းငယ်
  • ငံပြာရည်စတီးဇွန်း – တစ်ဇွန်း

ပြင်ဆင်ပြုလုပ်နည်း

ကြက်သားနှင့် အချင်းများကို ရေသန့်စင်အောင် ဆေးပြီး ဆား ၊ ဆနွင်း ၊ ကြက်သားမှုန့်အနည်းငယ်ဖြင့် နယ်ထားပါ ။

ငြုပ်သီးအစိမ်းမှုန့် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်း တို့ကို ရောထောင်းထားပါ ။

Cookနေကြာဆီ (သို့) သင့်တော်သည့်ဆီကို ပူအောင်တည်ပြီး ထောင်းထားသောငြုပ်သီး နှင့် ကြက်သွန်ဖြူ ၊ ကြက်သွန်နီတို့ကို ထည့်ဆီသတ်ပါ ။ တုံယွမ်အနှစ်ထည့်ပါ ။

အနည်းငယ်ကျက်လာသောအခါ ငံပြာရည် စတီးဇွန်းတစ်ဇွန်းထည့်ပြီး မွှေးလာတဲ့အခါ ပဒဲကောထည့်ပါ ။ ကြက်သားနှင့် ကြက်အချင်းထည့်ပြီး ရေခန်းအောင်မွှေပေးပါ ။

ဆီအနည်းငယ် ပြန်လာသောအခါ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ ။

ဆီပြန်ခါနီး အရသာ အပေါ့အငန်မြည်းပြီး တောရှောက်ရွက်နှင့် ငြုပ်သီးစိမ်းအုပ်ပြီး နေကြာဆီနှင့် ချက်ထားသည့် ချဉ်ငံ စပ် မွှေး အရသာထူးကဲသည့် ဟင်းလျှာတစ်ခွက် ရလာပါမည် ။

Credit: Aye Thazin