ကြက်ဥကို ဆူးပုတ်နဲ့ကြော်စားကြည့်ကြမယ်။ အနံ့မွှေးမွှေးလေး သင်းနေမှာတော့ အသေအချာပဲနော်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၁ လုံး
  • ဆား – အနည်းငယ်
  • ဟင်းခတ်မှုန့် – အနည်းငယ်
  • ဆူးပုတ်အညွန့်
  • ဆီ – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

၁။ ကြက်ဥကို ဖောက်ပြီး ဆား ၊ ဟင်းခတ်မှုန့်အနည်းငယ်ထည့် နာနာခေါက်ထားပါ ။

၂။ ဆူးပုတ်အညွန့်လေးများသင် ရေစင်စင်ဆေးထားပါ ။

၃။ အိုးထဲ ဆီထည့် အပူပေးပါ ။ ဆီပူလာလျှင် မီးပိတ်ပြီး ပန်းကန်တခုထဲသို့ ဆီများသွန်ထားပါ ။

၄။ ကြက်ဥခေါက်ထားသည်များထည့် အိုးကိုလှုပ်ကာ ကြက်ဥကို အိုးတပြင်လုံးပြန့်အောင်လုပ်ပါ ။

၅။ အပေါ်မှ ဆူးပုတ်ညွန့်များအုပ်ပါ ။ မီးအေးအေးနှင့် ထားပါ ။

၆။ ကြက်ဥအောက်ခံတင်းလာလျှင် ယောင်းမအပြားနှင့် ဖြည်းဖြည်းချင်း ခေါက်လိပ်ပါ ။

၇။ မီးအေးအေးဖြင့် ကြက်ဥမျက်နှာပြင် ၂ ဖက်လုံး ဖိပေးပါ ။

၈။ မီးဖိုပေါ်မှချကာ အအေးခံထားပါ။ အနည်းငယ်အေးလာလျှင် ဓါးဖြင့်အနေတော်လှီးကာ သုံးဆောင်နိုင်ပါပြီ ။

Credit: Myanmar Yummy Foods