ကြက်ဥ/ဘဲဥ တွေကို အထဲက အနှစ်တွေကို စားလိုက်ပြီးပြီဆိုရင် အခွံတွေကို လွှင့်ပစ်ကြပါတယ်။ တခြား တစ်ခုခုမှာ သုံးတဲ့လူတွေ ရှိပါသလား? အပင်တွေရဲ့ မြေသြဇာအဖြစ် အသုံးပြုကြတဲ့လူတွေ ရှိပါတယ်။ ကြက်ဥ/ဘဲဥ အခွံတွေက အံ့သြဖွယ်ကောင်းတဲ့ အသုံးဝင်ပုံတွေ ရှိပါသေးတယ်။ ဥပမာအားဖြင့် ကြက်ဥအခွံတွေမှာ ကယ်လ်ဆီယမ် ၉၀% ပါဝင်ပါတယ်။ ဒါဟာ အမှန်ပါပဲ။

လူတွေရဲ့ အရိုးတွေ တစ်သက်တာ ကျန်းမာစေဖို့ ကယ်လ်ဆီယမ်ဓာတ်တွေ အများကြီး လိုပါတယ်။ ကယ်လ်ဆီယမ်ဓာတ်တွေ ပြည့်ဝစေတဲ့ အစားအစာတွေက ကူညီပေးနိုင်ပါတယ်။ ကြက်ဥ/ဘဲဥအခွံတွေကို စားလို့ရတယ်ဆိုတာ သိရင် အံ့သြစရာလို့ ထင်မိမှာပါ။ မဟုတ်ပါဘူး။ တကယ်ပဲ ကယ်လ်ဆီယမ် ဓာတ်တွေ ပါတာမို့ စားလို့ ရပါတယ်။ ကဲ ဘယ်လို စားကြမလဲ။

ပထမဦးဆုံး ကြက်ဥအခွံတွေကို ရေနဲ့ အတွင်းရော အပြင်ပါ ပြောင်အောင် ဆေးပါ။ ဒုတိယ အဆင့်ကတော့ ရေနွေးဆူဆူထဲကို ထည့်ပြီး ပိုးသတ်ပါ။ ၁၀မိနစ်လောက် ရေနွေးထဲမှာ ထားပြီး ဆယ်လိုက်ပါ။

ကြက်ဥ/ဘဲဥအခွံတွေကို ပြုတ်ပြီးတဲ့ အခါ ရေစစ်ပြီး Oven ထဲမှာ ထည့်ပြီး ၁၅မိနစ် ထားပါ။ ခြောက်ပြီး သန့်လာပြီဆိုရင် ကြိတ်စက်ထဲ ထည့်ပြီး မှုန့်နေအောင် ကြိတ်ပေးရင် ကယ်လ်ဆီယမ် အမှုန့်တွေကို ရနိုင်ပါပြီ။ ကယ်လ်ဆီယမ် အမှုန့် ဇွန်းတစ်ဝက်မှာ ကယ်လ်ဆီယမ်ဓာတ် ၄၀၀ ဂရမ် ပါဝင်ပါတယ်။ ဒီအတိုင်း ရေနဲ့ သောက်နိုင်သလို အစားအစာတွေနဲ့လည်း တွဲပြီးစားလို့ ရပါတယ်။ ကယ်လ်ဆီယမ် အမှုန့်တွေကို ဆပ်ပြာအစားထိုး အနေနဲ့ ဆေးကြောနိုင်ပါတယ်။ ကော်ဖီသောက်တဲ့ အခါ ပိုခါးတဲ့ အရသာကို လိုချင်ရင်တော့ အမှုန့် အနည်းငယ် ထည့်သောက်ကြည့်ပါ။

ဒါ့အပြင် အိမ်မှာ စိုက်ထားတဲ့ အပင်တွေကိုလည်း နည်းနည်းစီ ထည့်ပေးလို့ ရပါတယ်။ အလှအပ ရေးရာအတွက် Face Mask အဖြစ် အသုံးပြုပေးရင် အသားအရေ ဖြူစင်လာပါလိမ့်မယ်။အမှိုက်ဖြစ်သွားမယ့် အခွံတွေကနေ ကျန်းမာရေး အထောက်အကူ ဖြစ်စေမယ့် ဓာတ်စာတွေကို အလကား ရစေတာပါ။ ကဲ အခွံတွေကို လွှင့်ပစ်ဦးမှာလား!

Credit: Zeenews

Featured Image Source: notedco.com