ပါဝင်ပစ္စည်းများ

  •  ကြက်ဥ
  • ဥနီ
  • ပဲတောင့်ရှည်
  • ငရုတ်စိမ်း
  • ဆား
  • ဟင်းခတ်မှုန့်
  • သကြား
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1.  ကြက်ဥကို နာနာ ခလောက်ထားပါ ။   ( မိမိစားမည့် လူဦးရေပေါ် မူတည်ပြီး ကြက်ဥထည့်ပါ ။)   ဥနီကို  ခြစ်နဲ့  ခြစ်ထားပါ ။  ပဲတောင့်ရှည် ပါးပါးညှပ်ထားပါ ။ ငရုတ်စိမ်း ပါးပါး ညှပ်ထားပါ ။  ဆား လက်ဖက်ရည် ဇွန်းဝက် ၊ ဟင်းခတ်မှုန့် လက်ဖက်ရည် ဇွန်း ၃ပုံ၁ပုံ ၊ သကြား လက်ဖက်ရည် ၁ ဇွန်း အားလုံးကို ကြက်ဥနဲ့ ရောပြီး နာနာခလောက်ပါ ။
  2. မကပ်တဲ့ ဒယ်မှာ ဆီနည်းနည်းထည့် အပူပေး ဆီဆူလာရင် မီးလျော့ပြီး ကြက်ဥရည် ဟင်းချိုဇွန်း ၁ ဇွန်းစာ ခပ်ထည့် ၊  ဒယ်အနှံ့ ပြန့်သွားအောင် ဒယ်အိုးကို အသာလှည့်ပေးပါ ။
  3. အောက်ဖက်တင်းပြီး အပေါ်ယံ စတင်းစပြုချိန်မှာ အစွန်းတစ်ဖက်ကနေ ယောင်းမ ပါးပါးနှင့် အခြားဖက်ကို လိပ်သွားပြီး တဖက်မှာ အသာကပ်ထားပါ ။   ဆီနည်းရင် အနည်းငယ်ထပ်ထည့်ပါ ။
  4. ကြက်ဥရည် ၁ဇွန်း ထပ်ထည့်၊ ခုနလိုပဲ ပြန့်အောင်အသာ ဒယ်အိုး ကို လှည့်ပြီး ဖြန့်ပေးပါ ။   အောက်ဖက်တင်းပြီး အပေါ်စ တင်းရင် ပထမ အလိပ်ကနေ စပြီး အခြားဖက်ကို လိပ်သွား ၊ နောက်တဖက်မှာ  ပြန်ကပ်ထား ပြီးရင် ကြက်ဥရည် ထပ်ထည့် အဲ့လိုနဲ့ကြော်သွားပါ ။  အပေါ်ယံ မျက်နှာပြင် မခြောက်ခင်မှာ လိပ်ပါ ။   ဒါမှ ကြက်ဥလိပ်က ကပ်နေမှာပါ ။
  5. အလိပ်ရရင် မျက်နှာပြင် ၄ဖက်လုံး အရောင်လှပြီး ကျစ်လစ်စေရန်  ဒယ်ထဲ ခဏ ဆက်ထားပြီး ယောင်းမဖြင့် ဖိပြီး အရောင်ရအောင် တဖက်စီ လှည့်ကြော်ပေးပါ ။ ရရင် အအေးခံပြီး လက် တလုံးစာ အထူလှီးပါ ။ ကြိုက်နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါတယ် ။

Credit: Su Myat Htwe Aung