ပါဝင်ပစ္စည်းများ

  • ကျောက်ကျော – တစ်ထုပ် (တယ်လီဖုန်းတံဆိပ် အထုပ်သေး)
  • ရေသန့်တစ်ဗူး – တစ်လီတာခန့်
  • သကြား – ၂၀ သား
  • ကြက်ဥ – ၃ လုံး
  • ဆားလက်ဖက်ဇွန်း – ၁ ဇွန်း

ပြုလုပ်နည်း

ပထမဦးစွာ ကြက်ဥမှလွဲ၍ ကျန်ပါဝင်ပစ္စည်းများ အားလုံးကို ရောမွှေပြီး မီးဖိုပေါ် ၁၅ မိနစ်ခန့်ကျိုပြီး ကြက်ဥကိုကြေအောင် ခေါက်ပြီး လောင်းထည့်ကာ ၅ မိနစ်ခန့် ဆက်ထားပြီး မီးပိတ်ကာ ဗန်းထဲလောင်းပြီး အအေးခံကာ လှီးဖြတ်စားသုံးနိုင်ပါပြီး။

Credit: Thida Lay Lay