အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကို ဆီနဲ့ကြော်စားရတာကို မကြိုက်ဘူးဆိုတဲ့သူတွေအတွက် အိစက်တဲ့ ကြက်ဥပေါင်းလေး ချက်စားကြမယ်နော်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၆လုံး
  • ရေ 1/3 ခွက်
  • ဆား ဇွန်း တစ်ဝက်
  • သကြား ဇွန်း 1/3
  • ကြက်သွန်မိတ်၊ နှမ်းဆီမွှေး၊ နှမ်း

ချက်ပြုတ်နည်း

ကြက်သွန်မိတ် တစ်ဝက်ခန့်ကို အဆင်သင့် လှီးထားပေးပါ။

ကြက်ဥ ၆ လုံး ( တစ်ခါသုံး စက္ကူခွက် ၂ခွက်စာ ) ကို အဆင်သင့်ပြင်ထားပေးပါ။

ထို့နောက် ရေ စက္ကူခွက် တစ်ခွက်၏ ၃ပုံ၁ပုံ ကို ထည့်ပေးပါ။ (200mlခန့်)

ထို့နောက် ဆား ဇွန်းတစ်ဝက်ခန့်ကို ထည့်ပြီး သကြားအနည်းငယ် ထည့်ပေးပါ။

ကြက်ဥ + ရေ + ဆား + သကြားကို သေချာရောမွှေပေးပါ။

မြေအိုးထဲတွင် ကြက်ဥကို ထည့်ပေးပါ ။ (မြေအိုးရဲ့ 80% ခန့်ပြည့်သည်အထိ)

ထို့နောက် ဇွန်းဖြင့် နည်းနည်းစီ မွှေပေးပါ။ မွှေပေးသောအခါတွင် ကြက်ဥ အနှစ်နှင့် အကာများ လုံဝ အရည်ဖြစ်သွားသည်အထိ မမွှေပဲ ကြက်ဥ အဖက်အဖက်လေးတွေ ဖြစ်လာအောင် မွှေပေးရပါမယ်။

ထိုသို့ မွှေပေးနေရာမှ 80%~90% ခန့် ကျက်သွားပြီ ဆိုပါက အဖုံးအုပ်ပြီး မီးလျော့ပြီး၃မိနစ်မှ ၆မိနစ်ခန့် အပူပေးပေးပါ။

ထိုသို့ အပူပေးပြီးနောက် အဖုံးဖွင့်ကြည့်လိုက်ပါက ဖောင်းတက်လာသော ကြက်ဥပေါင်းကို မြင်ရမှာဖြစ်ပါတယ်။ ထို့နောက် ကြက်သွန်မိတ်၊ နှမ်း နှင့် နှမ်းဆီမွှေးစသည်တို့ကို ထည့်ပေးလိုက်မယ်ဆိုရင်တော့ ကြက်ဥပေါင်း အဆင်သင့် စားသုံးနိုင်ပြီ ဖြစ်ပါတယ်။