ပါဝင်ပစ္စည်းများ

  • ကြက်ဥ
  • ဆား
  • ရှောက်ကော
  • ပါ့ကော
  • ငရုတ်ကောင်း
  • ခရုဆီ
  • ဂျင်း
  • ကြက်သွန်ဖြူ

ပြုလုပ်နည်း

  1. ကြက်ဥပေါင်းအတွက် ကြက်ဥတွေကို ဖောက်ထုတ်ပြီး ဆား ၊ ရှောက်ကော ၊ ပါ့ကော ၊ ငရုတ်ကောင်း၊ ခရုဆီ ၊ ဂျင်း၊ ကြက်သွန်ဖြူအရည်ညစ်ထည့်ပါ။ ကြေအောင် ခလောက်ပါ ။ အမြှုပ်မထပါစေနှင့် ။
  2. ပြီးရင် အခွံထဲထည့်ပြီး မီးအေးအေးနဲ့၁၅မိနစ်ပေါင်းပါ ။ ချွေးမကျစေဖို့ အပေါ်က ခဲပတ်လေးအုပ်ပေးထားပါ ။
  3. ကြိုက်နှစ်သက်ရာ ဆော့စ်နဲ့ စားလို့ရပါပြီ ။
  4. ရေခဲသေတ္တာထဲ ဘူးလေးနဲ့အခွံမခွာဘဲလည်း ၃/၄ရက်သိမ်းလို့ရပါတယ် ။ ပြန်ကြော်စားမလား ၊ နွှေးစားမလား ကြိုက်နှစ်သက်ရာစားလို့ ရပါသည်။
  5. တရုတ်ဆိုင်တွေမှာရှောက်ကော ၊ ပါ့ကောလို့မေးဝယ်လို့ရပါတယ် ။

Credit: Aye Thandar Soe