ကြက်ဥပေါင်းလုပ်နည်း သိချင်သူများအတွက်ပါ။ ကျိုင်းတုံမြို့မှာ နေသူတွေကတော့ အလွယ်တကူဝယ်စားနိုင်ပေမဲ့ အလွယ်ဝယ်မရသူတွေတော့ ကိုယ်တိုင်လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ
  • ဆား
  • ငရုတ်ကောင်းမှုန့်
  • ပဲပုတ်အကျက်မှုန့်
  • ငရုတ်သီးကျက်မှုန့်

ပြုလုပ်နည်း

  1. ကြက်ဥလေးတွေရေဆေး အပေါက်သေးသေးလေးတွေဖောက်ပြီး အထဲက အကာတွေအနှစ်တွေကို စုပ်တံအသစ်နဲ့ စုပ်ထုတ်ပြီး ဇလုံကြီးကြီးထဲထည့်ပါ ။
  2. ပြီးတော့ ဆားနဲ့ ငရုတ်ကောင်းမှုန့် ထည့်ပြီး ရောမွှေပါ ။ (ရေလုံးဝမပါရပါ)
  3. နောက်ပြီး စုတ်တံလေးနဲ့ ပြန်စုတ်ပြီး စောစောက အပေါက်ဖေါက်ထားတဲ့ ကြက်ဥလေးတွေထဲ တဝက်စီခန့် ပြန်ထည့်ပေးပါ ။ (အပြည့်ထည့်ပြီးပေါင်းရင် ပွတက်လာပြီးလျှံကြကုန်မှာစိုးလို့ပါ)
  4. ပြီးသွားရင်တော့ ကြက်ဥလေးတွေကို ပေါင်းလို့ရပါပြီ ။ ပေါင်းတဲ့အခါ သိရမှာက အဖုံးကို ဆယ်မိနှစ်ခန့်ပိတ်ပြီးရင် ဆယ်မိနစ်လောက် အဖုံးပြန်ဖွင့်လိုက်နဲ့ ပေါင်းပေးရပါမယ် ။ မိနစ် 30 လောက်ပေါင်းပြီးရင်တော့ ကျက်ပါပြီ ။ ပြီးရင်တော့ စားချင်သလိုလေး လှီးပြီး ပဲပုတ်အကျက်မှုန့် ၊ ငရုတ်သီးမှုန့်နဲ့ရောပြီး တို့စားလို့ရပါပြီ ။

Credit: Waxy Orchid and Rightful Photo Owners