ကြက်ဥမွှေကြော်

Share this on:

ကြက်ဥမွှေကြော်ကို ရှုမညီး ဟင်းလို့ တင်စား ခေါ်ရပါတယ် ။ ကလေးတွေက ဘာဟင်းချက်ချက် ကြက်ဥမွေကြော်လေး လုပ်ပါအုံး အမေဆိုပြီး အမြဲတမ်းလိုလို ကြော်ရလို့ပါ ။ ဒီ ကြက်ဥမွှေကြော်က အဆင်း မလှပေမဲ့ ကျမတို့ အိမ်ရဲ့ Signiture Dish ပါ ။ အိမ်က ကလေးတွေက ကြက်ဥမွှေကြော် ပါမှ တင်းတိမ် ကျပါတယ် ။ လုပ်ရလည်း လွယ်ပါတယ် ။

ကြက်ဥမွှေကြော် နဲ့ ထမင်းလုံး

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ခရမိးချဉ်သီး အသေး ၁ လုံး
  • ကြက်သွန်နီ တခြမ်း
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း

  1. ကြက်ဥကို ကြက်ဥ ခလောက်တံ (သို့မဟုတ်) ခရင်းနှင့် သေချစွာ မွှေရ်ျ ခလောက်ပါ ။
  2. ခရမိးချဉ်သီး အသေး ၁ လုံးကို အရှည်လိုက် မထူမပါး လှီးထားပါ ။
  3. ကြက်သွန်နီ တခြမ်း ကိုလည်း အရှည်လိုက် မထူမပါး လှီးထားပါ ။
  4. ပြီးလျင် ခလောက်ထားသည့် ကြက်ဥထဲသို့ ဆား အနည်းငယ် ၊ လှီးထားသော ခရမိးချဉ်သီး နှင့် ကြက်သွန်နီ တို့နှင့် ရောပြီး မွှေပါ ။
  5. ဒယ်ပြား ထဲတွင် ဆီ အနည်းငယ် ထည့်ရ်ျ မီးအပူပေးပါ ။ ဆီပူလာလျင် ခလောက်ထားသော ကြက်ဥကို ထည့်ရ်ျ ကြော်ပါ ။
  6. ကြက်ဥသည် အကျက်မြန်ပါသည် ။ ကျမက ကြက်ဥလေးဝါသွားလျင် မီးဖိုမီးကို ပိတ်လိုက်ပါတယ် ။ အချို့က ဝါညိုလေးနှင့် ကြက်ဥ အနားသားများ ကြွပ်သည်အထိ ထားပါသည် ။
  7. မိမိ နှစ်သက်သည့် အတိုင်း ကြော်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

3.2 (5 Votes)