ကြက်ဥ ငှက်ပျောပေါင်း

Share this on:

ဒီနေ့ အိမ်က ဖိုးဖိုး ၊ ဖွားဖွား အကြိုက် ကြက်ဥငှက်ပျောပေါင်း လုပ်ကျွေးဖြစ်တယ်လေ ။  အရသာရှိစွာ သုံးဆောင်နိုင်ပါစေရှင် ။

ကြက်ဥငှက်ပျောပေါင်း

ကြက်ဥငှက်ပျောပေါင်း ၁

ပါဝင်ပစ္စည်းများ

  • ကြက်ဥ - ၂ လုံး
  • ငှက်ပျောသီး - ၂ လုံး (ချေထားပါ)
  • သကြား - ၁ ဇွန်းခွဲ (စားပွဲတင်ဇွန်း)
  • ဆား - အနည်းငယ်
  • ဂျုံမုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆော်ဒါမုန့် - အနည်းငယ်

ပြုလုပ်နည်း

  1. ကြက်ဥ ၊ ငှက်ပျောသီး တို့ကို အရင်ဆုံး ရောချေထားပါ ။
  2. ပြီးလျှင် သကြား ၊ ဆား ၊ ဂျုံမှုန့် ၊ ဆော်ဒါမှုန့် အားလုံးနှင့် သမအောင် ခေါက်ပါ ။
  3. ပြီးလျှင် ဆီသုတ်ထားတဲ့ အိုးထဲ ပြောင်းထည့်ကာ အိုးအဖုံး ပိတ်ပြီး ကျက်လာတဲ့အထိ ပေါင်းထားပါ ။
  4. ကျက်မကျက် သိချင်လျှင် ဇွန်းနဲ့ စမ်းကြည့်ပါ ။ အထဲမှာ အရည်တွေ မရှိတော့ဘဲ တင်းတင်းလေး ဖြစ်လာရင် ကျက်ပါပြီ ။
  5. ပြီးလျှင် ဓားလေးနဲ့ အရာပေးပြီး ပန်းကန် ပေါ်မှောက်ချ ခွဲပြီး သုံးဆောင်နိုင်ပါပြီရှင့် ။
Credit: Ma Mya Win

Review

User Rating

2.8 (15 Votes)