အပေါင်း - Steamed | ကောက်ညှင်း - Sticky Rice | ကြက်သား - Chicken

ကြက်ကောက်ညင်း (ကြက်ကောင်လုံး အစာသွပ်ပေါင်း)

January 5, 2016

ကြက်ကောက်ညင်း (ကြက်ကောင်လုံး အစာသွပ်ပေါင်း)

Share this on:

လိုအပ်သော ပစ္စည်း

  • ကောက်ညင်းဆန်
  • ရှီတာခီမှိုခြောက်
  • ပုဇွန်ခြောက်
  • ဟင်းခပ်မှုန့်
  • ပဲငံပြာရည်အနောက်ရည် - အနည်းငယ် (အရောင်အတွက်)
  • မြေပဲ
  • ရှောက်ကောမှုန့်
  • ဆား

ပြင်လုပ်ပုံ

  1. ကောက်ညင်းကို ရေစိမ်ပြီး မကျက်တကျက် ပြုတ်ပြီး ရေစစ်ထားပါ ။
  2. မှိုခြောက်ကို ရေစိမ်ပြီး ပါးပါး လှီးပါ ။
  3. မြေပဲကို ၁၅မိနစ်ခန့် ပြုတ်ပြီး ရေစစ် ထားပါ ။
  4. အားလုံး အသင့် ဖြစ်လျင် ဇလုံတခုတွင် ကြက်သားမှုန့် ၊ အနောက်ရည်၊ ရှောက်ကောမှုန့် ၊ ပုဇွန်ခြောက် တို့ကို ထည့်ပြီး နှံ့အောင်နယ်ပါ ။ အပေါ့ အငံမြည်းပြီး နှပ်ထားသော ကြက်ထဲတွင် အစာ သွပ်ပါ ။
  5. ကြက် ရဲ့ ဝမ်းဗိုက် ထဲကို ကောက်ညင်း အစာများထည့်ပါ ။
  6. ကြက်၏ တောင်ပံ၊ ရင်အုပ် ထဲကို ကောက်ညင်း အစာများ ထည့် ပါ ။
  7. အစာကို ပြည့်အောင် ကြက်ထဲသို့ မထည့်ပါနှင့် ၊ ကောက်ညှင်းကျက်လျင် ပွား လာမည်ဖြစ်ရ်ျ နေရာထား ပေးပါ ။
  8. ကြက်ကို ပေါင်းမည့် အိုးတွင် ထည့်ပြီး နှစ်နာရီ မှ သုံးနာရီခန့် ကြာမြင့်အောင် ပေါင်းပါ ။
  9. ကြက်ကောက်ညင်း ကျက်လျှင် ဆော့စ် အနှစ်ဖျော်ရန် ကြက်ပေါင်းရည်များကို စစ်ပြီး ပန်းကန်တခုဖြင့် ခံထားပါ ။
  10. ကြက်ကောက်ညင်းကို အေးမှ လိုသလို လှီးဖြတ်ကာ ပန်းကန်တွင် ထည့်ပြီး ဆော့စ်ဖြင့် စားသုံးပါ ။

Review

User Rating

3.9 (8 Votes)