ကြက်ခေါက်ဆွဲကြော်

Share this on:

ကြက်ခေါက်ဆွဲကြော်

ကြက်ခေါက်ဆွဲကြော်

တရုတ်နံနံ အိမ်မှာ မရှိရ်ျ  အိမ်ရှိ ပင်စိမ်း အနည်းငယ်ကို ထည့်ပါ။

ခဏအကြာ ခေါက်ဆွဲအိသွားရင် ကျက်ပါပြီ ။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ   ပန်းကန် ၁ လုံး   
  • ကြက်ဥ  ၂ လုံး
  • ကြက်သား  အတုံးသေး (ပြုတ်ထားသော)
  • ပဲငံပြာရည် အပျစ်  ၃ ဇွန်း  (ထမင်းစားဇွန်း)
  • ကြက်သွန်နီ ၁ လုံး (၈စိတ် စိပ်ထားပါ)
  • ဂေါ်ဖီ ( ခပ်ကြီးကြီး လှီးထားပါ)
  • ခရမ်းချဉ်သီး အကြီး ၁ လုံး (အရှည်လိုက် လှီးထားပါ) 
  • ဆား  အနည်းငယ်
  • သကြား   အနည်းငယ်
  • ငရုပ်ကောင်းမှုန့် အဖြူ  အနည်းငယ်
  • ပင်စိမ်း  အနည်းငယ်

ပြုလုပ်နည်း

  1. ကြော်မည့် ခေါက်ဆွဲ ကို ပဲငံပြာရည် အပျစ် ၂ ဇွန်း ၊ သကြား အနည်းငယ် နှင့် နယ်ထားပါ ။
  2. အရင်ဆုံး ဆီပူအောင် တည်ပါ ။ ဆီပူထဲသို့ ကြက်ဥ ကိုထည့်ရ်ျ အရင်ကြော်ပါ ။
  3. ပြီးလျင် ကြက်သား ၊ ဂေါ်ဖီ ၊ ခရမ်းချဉ်သီး ၊ ပဲငံပြာရည် အပျစ် ၁ဇွန်း နှင့် ဆား ထည့်ရ်ျ ကြော်ပါ ။
  4. မကျက်တကျက်မှာ အသီးရွက်တွေကို အိုးဘေးကပ်ထားပါ ။ အလယ်နေရာ ရအောင် လုပ်ဖို့ပါ ။
  5. ခေါက်ဆွဲကို အလယ်ထည့်ပြီး အသီးရွက်က ထွက်တဲ့ရေနဲ့ လုံးပေးပါ ။ ပြီးမှ ခေါက်ဆွဲကို အောက်က ထားပြီး အသီးရွက်တွေကို အပေါ်က အုပ်ပေးပါ ။
  6. ရေနည်းရင် ဆူပြီးသား ရေကျက်အေး သင့်ရုံ ထည့်ပြီး အဖုံးအုပ်ပေးပါ ။ မီးပြင်းပြင်းနဲ့ ၃မိနစ်လောက် ထားပြီး အပေါ်အောက် သမအောင် မွှေပေးပါ ။
  7. တရုတ်နံနံ အိမ်မှာ မရှိရ်ျ အိမ်ရှိ ပင်စိမ်း အနည်းငယ်ကို ထည့်ပါ ။ ခဏအကြာ ခေါက်ဆွဲအိသွားရင် ကျက်ပါပြီ ။
  8. ငရုပ်ကောင်းမှုန့် အဖြူ  အနည်းငယ် ကိုလည်း အပေါ်မှ အနည်းငယ် ဖြူးပေးပါ ။
  9. အရာသာရှိသော ခေါကိဆွဲကြော် ရပါပြီ ။
My Food Myanmar

Review

User Rating

2.3 (3 Votes)