ကြက်တောင်ပံကင် (Grilled Chicken Wings)

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ - ၁၂ ချောင်း
  • ပဲငံပြာရည်အကြည် - ၄ဇွန်း(စားပွဲတင်ဇွန်း)
  • နှမ်းဆီ - ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • ခရုဆီ - ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • သကြား - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုပ်သီးမှုန့် - ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • ကြက်သွန်နီမှုန့် - ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)
  • ပင်စိမ်းရွက်အမှုန့် - ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • ငရုပ်ကောင်းမှုန့် (အနည်းငယ်)

ပြုလုပ်နည်း

  1. ပထမဆုံး ကြက်တောင်ပံများကို ရေစင်အောင် ဆေးပြီး ဓားဖြင့် အနည်းငယ်စီ မွှန်းပြီး အရာပေးပါ။
  2. ပါဝင် ပစ္စည်းများ အားလုံးကို ဇလုံ တစ်ခုထဲတွင် ရောထည့်ပါ။
  3. ကြက်သွန်နီမှုန့် (Onion Powder) ၊ ငရုပ်သီးမှုန့် (Chilli Powder) ၊ ပင်စိမ်းရွက်မှုန် (Basil Powder) တို့နှင့် ပါဝင်ပစ္စည်းများ အားလုံးကို ရောမွှေပြီး ကြက်တောင်ပံများ ကိုပါ ထည့်၍ သမအောင်မွှေ၍ ပလက်စတစ်အိပ်ထဲ ထည့်ပြီး လေလုံအောင် ပိတ်ကာ ရေခဲ သေတ္တာ ထဲတွင် ၄နာရီခန့် ထည့်ထားပြီး အသင့်ကင်လို့ရပါပြီ။
  4. ကြက်တောင်ပံများကို တစ်ခုချင်းစီ ဒုတ်ဖြင့်ထိုး၍ ဖြစ်စေ၊ မီးဖိုပေါ်တွင် သံဇကာခံ၍ ဖြစ်စေ၊ အဆင်ပြေသလို ကင်လို့ရပါသည်။
  5. ကြက်တောင်ပံများကို ကင်နေချိန်တွင် အပေါ်မှ နှမ်းဆီ အနည်းငယ် သုတ်ပေးနိုင်ပါသည်။ မကပ်စေရန် အတွက်ဖြစ်ပါသည်။
Credit: ဇွဲသုသု