ဟင်း - Curry | ကြက်သား - Chicken

ကြက်သောက်ဆမ်း ချဉ်စပ်

May 30, 2016

ကြက်သောက်ဆမ်း ချဉ်စပ်

Share this on:
ရာသီဥတုတွေကလည် ပူလိုက် ၊ မိုးရွာလိုက်နဲ့ဆိုတော့ အစားအသောက်ကလည် စားချင်စိတ်မရှိဖြစ်နေတာနဲ့ ကြက်သောက်ဆမ်း ချဉ်စပ်မွှေးမွှေးလေးကို ချက်စားဖြစ်ပါတယ် ။  ထမင်းစားရရင် အချဉ် အစပ် မပါရင် ဟာတာတာဖြစ်နေတာ အခုလို ချဉ်စပ်လေးချက်စားတော့ အင်မတန်မှကို ထမင်းမိန်သွားပါတယ် ။

ပါဝင်ပစ္စည်းများ

  • ကြက်သား
  • ဆား
  • ဆနွင်း
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဆီ
  • မျှင်ငပိ
  • စပါးလင်
  • မရမ်းသီးစိမ်း
  • ငရုပ်သီးစိမ်း
  • ရှမ်းနံနံ

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်သားကို ဆား ၊ ဆနွင်း ၊ အချိုနယ်ထားပြီး ဂျင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆီနည်းနည်း ၊ မျှင်ငပိတို့နဲ့ ဆီသတ်ပါ ။
  2. ကြက်သားထည့်လုံးပြီး စပါးလင်ထည့် ၊ ရေအနည်းငယ်နဲ့ဆူအောင်တည်ပါ ။
  3. ကြက်သားနူးလောက်ပြီဆို မရမ်းသီးစိမ်းထည့် ၊ ရေစိတ်ကြိုက်ထည့်ပါ ။ ဆူရင်အပေါ့အငံမြည်းပြီး ငရုပ်သီးစိမ်း ၊ ရှမ်းနံနံလေးအုပ်ပြီးရင် ရပါပြီ ။
Credit: Naing Naing

Review

User Rating

3.9 (10 Votes)