ကြက်ခြေတောက် အရေခွံသုပ်

Share this on:

ကြက်ခြေတောက် အရေခွံသုပ် ထုတ်ထုတ် ၊ ထုတ်ထုတ်နဲ့ စားလို့ ကောင်းမှကောင်း ။  တန်ဖိုးနည်း စားမြိန်ဟင်းလျာ ၊ အရေခွံ ခွာရတာ စိတ်တော့ ရှည်ရတယ်ဗျာ ။

ကြက်ခြေတောက် အရေခွံသုပ် 1

ကြက်ခြေတောက် အရေခွံသုပ် 2

ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် - ၁၀ ချောင်း
  • ခရမ်းချဉ်သီး
  • ကြက်သွန်နီ
  • သံပုရာသီး
  • တရုတ်နံနံ
  • ငရုတ်သီး
  • ငံပြာရည်
  • ဟင်းချိုမှုန့် အနည်းငယ်
  • ပဲမှုန့်
  • ငြုပ်အရောင်
  • ဆီချက်

ပြုလုပ်နည်း

  1. ကြက်ခြေထောက် ၁၀ ချောင်းကို သေချာ သန့်စင် ဆေးကြောပြီးရင် ရေနွေး ဆူဆူထဲတွင် ၁၀ - ၁၃ မိနစ် ကြာပြုတ်ပါ ။
  2. နူးအိနေအောင် ပြုတ်စရာ မလိုပါ ။ ပြီးလျှင် မီးပိတ်ပြီး ရေခဲရေ ဇလုံထဲသို့ ချက်ချင်း ဆယ်ထည့်ပါ ။
  3. ကြက်ခြေထောက် အလယ် အသားထူနေရာတွင် ဓားနှင့် အောက်ဖက်သို့ ဓားရာခြစ်ချပေးပြီး အရိုးမှ အရေခွံသားကို ခွာယူပါ ။
  4. ခြေချောင်းလေးများမှ အရေခွံသားကိုလည်း စိတ်ရှည်စွာ ခွာယူပါ ။ စိတ်မရှည်လို့ ခွာမယူပဲ ထည့်သုပ်လိုက်ရင် ထမင်းနဲ့ စားရင် အလုပ်တွေ ရှုပ်လို့ပါ ။
  5. အားလုံးပြီးတဲ့အခါ သုပ်စားရန် ကြက်ခြေတောက် အရေခွံ ထုတ်ထုတ်လေးတွေ ရပါပြီ ။
  6. ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ သံပုရာသီး ၊ တရုတ်နံနံ ၊ ငရုတ်သီး ၊ ငံပြာရည် ၊ ဟင်းချိုမှုန့် အနည်းငယ် ၊ ပဲမှုန့် ၊ ငြုပ်အရောင် ၊ ဆီချက် တို့ကိုထည့်ပါ ။
  7. အားလုံး ထည့်ပြီးလျှင် အရသာရှိတဲ့ ကြက်ခြေထောက် အရေခွံသုပ်လေး သုပ်လို့ရပါပြီ ။
Credit: My Little K I T C H E N's D I A R Y

Review

User Rating

4 (5 Votes)