ကြက်ခြေထောက်ကို အမျိုးမျိုး ပြုတ်စား ပေါင်းစား ကြပါတယ်ရှင့်။ အခုချက်ပြမယ့် နည်းလေးက ထိုင်းစတိုလ်မှာ။ အရသာက ချိုချဉ် ငံစပ်လေး ဖြစ်လို့ အခုလို မိုးအေးတဲ့ ရာသီဥတုနဲ့ အင်မတန် လိုက်ဖက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • သန့်စင်ပြီးကြက်ခြေထောက်များ
  • နံနံမြစ်အနည်းငယ်
  • ဗမာကြက်သွန်ဖြူတစ်ဥ
  • ငရုတ်သီးစိမ်း
  • သံပုရာသီး
  • ပဲငံပြာရည်အကြည်
  • ပဲငံပြာရည်အချိုအနောက်
  • ယိုးဒယားငါးငံပြာရည်
  • ဆား သကြား

ချက်ပြုတ်နည်း

ကြက်ခြေထောက်များကို သန့်စင်အောင် ဆေးကြောပြီး ရေစစ်ထားပါ။ ဗမာကြက်သွန်ဖြူတစ်ဥကို အပေါ်ယံအခွံများသာ ခွါပြီး ရေးဆေးကြောပြီး အခွံပါးပါကြေညက်သွားအောင် ထောင်းထားပါ။

နံနံမြစ်အနည်းငယ်ကို သဲများသန့်စင်သွားသည်အထိရေဆေးပြီး ထုထားပါ။ ငရုတ်သီးစိမ်းများကို ခပ်ကြမ်းကြမ်းထောင်းထားပါ။ ဆေးကြောထားတဲ့ ကြက်ခြေထောက်များကို အပေါ်က ထုထောင်းထားတာများနှင့် သမသွားအောင် နယ်ပေးပါ

ဆား သကြား ပဲငံပြာရည် အကြည်အနောက် ယိုးဒယားငံပြာရည်များ မိမိကြိုက်နှစ်သက်သလောက် ဖြည့်စွက်ပြီး ထပ်မံနယ်ပေးပါ။ အချိုလေးကဲရင် ပိုစားကောင်းပါတယ်

အရသာနယ်ပြီး ကြက်ခြေထောက်များကို ဆယ့်ငါးမိနစ်ခန့်နှပ်ထားပေးပါ။ နှပ်ထားတဲ့ ကြက်ခြေထောက်တွေကို မီးဖိုပေါ်တင်ပြီး ရေနွေးပုပူနဲ့ ဆူပွက်လာသည်အထိ တည်ပေးပါ။ ကြက်ခြေထောက်များ ဆူပွက်လာလျင် ထောင်းထားတဲ့ ငရုပ်သီးစိမ်းနှင့်တကွ သံပုရာရည်ပါ ညှစ်ထည့်ပါ

မီးအေးအေးနှင့် ကြက်ခြေထောက်များ နူးအိလာသည်အထိ တည်ပေးပါ။ Pressure cooker ဖြင့်ပေါင်းပေးလည်း ရပါတယ်။ ကြက်ခြေထောက်များ နူးအိသွားလျင်တော့ မီးဖိုပေါ်ကချပြီး အအေးခံစားလို့ ရပါပြီ

ကြက်ခြေထောက်စွတ်ပြုတ်ကို ရေစင်အောင်ဆေးထားတဲ့ ပဲပင်ပေါ်က်လတ်လတ်ဆက်ဆက်လေးများ ထည့်စားလို့လည်း ရပါတယ်ရှင့်။

Credit: Warr Tee