ရခိုင် - Rakhine | အသုပ် - Salad | ကြက်သား - Chicken

ကြက်ခြေထောက်သုပ် (ရခိုင်သုပ်)

June 28, 2016

ကြက်ခြေထောက်သုပ် (ရခိုင်သုပ်)

Share this on:

ရခိုင်ကြက်ခြေထောက်သုပ်ဟာ ထိုင်းသုပ်နဲ့ ဆင်ပါတယ် ။ ထိုင်းသုပ် ကတော့ ငပိကိုလျှော့တယ် ၊ ပြာခဲ ထည့်ပေးပြီး အချဉ်များများ ဆမ်းထား ပါတယ် ။ ပြုတ်ရည်ကို မပစ်ဘဲ ဖယ်ထားပြီး ငံပြာရည်နည်းနည်း ၊ ကြက်သွန်ဖြူ တစ်ပြား ဓါးပြား ရိုက်ထည့်ကာ မီးဖိုပေါ် ပြန်တည်ပေးပါ ။ မိမိ ကြိုက်တဲ့ အရွက်လေးကို သေချာ ရေဆေးပေးထားပါ ။ ဟင်းရည် ဆူပွက် လာပြီ ဆိုရင်တော့ ခွက်ထဲမှာ ခပ်ထည့်ပေးပါ ။  ငရုတ်သီးစိမ်း တစ်တောင့်လောက် ပါးပါးလှီး ထည့်ပေးပါ ။ ဟင်းရွက်ကို ထည့် ၊ သံပုရာ တစ်ခြမ်းလောက် ညှစ်ထည့်ပေးပြီးရင် သံပုရာခွံကို သေးသေးလေး လှီးထည့် ၊ မွှေပေးလိုက်ပါ ။ ထမင်းပူပူလေးနဲ့ ကြက်ခြေထောက်သုပ် စပ်စပ်ကို ဟင်းရည်လေးနဲ့ တွဲစားရင် တကယ်လိုက် ဖက်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက်
  • ငရုတ်သီး
  • ငပိမီးဖုတ်
  • ဂျင်းထောင်း
  • ငံပြာရည်အကြည်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • သံပုရာသီး

ပြင်ဆင်ပြုလုပ်နည်း

  1. ရခိုင်လိုသုပ်တော့မယ်ဆိုရင်တော့ ထုံးစံအတိုင်း ငရုတ်သီးနဲ့ ငပိမီးဖုတ်သုပ်မှာပါပဲ ။
  2. အရင်ဆုံး ကြက်ခြေထောက်ကို   သေချာ ပြောင်အောင်ဆေးပြီး ခြေသည်းတွေကို လှီးဖြတ်ပေးပါ ။  ပြီးရင်တော့ အဆစ်တွေကို စဉ်းပေးပါ ။ အရိုးကို နည်းနည်းထုပေးပါ ။ 
  3. ဂျင်းထောင်း ၊ ငံပြာရည်အကြည် အနည်းငယ်ထည့်နယ်ပြီး ပြုတ်ပေးပါ ။ 
  4. ကြက်ရိုးကို ပြုတ်နေချိန် ကြက်သွန်နီ ပါးပါးလှီးထားပေးပါ ။
  5. ငရုတ်သီး ၊ ငပိနည်းနည်းကို မီးကင်ပြီး ကြက်သွန်ဖြူထည့်ထောင်းပေးပါ ။
  6. ကြက်ရိုးနူးပြီဆိုရင် ဆယ်ယူပြီး အဆစ်နုလေးတွေနဲ့ အရေခွံကို ယူပြီး အရိုးရင့်တွေကို ပစ်လိုက်ပါ ။
  7. သုပ်မယ့် ပန်းကန်ပြားမှာထည့် ငရုတ်သီးထောင်း ၊ ကြက်သွန်နီ ၊ ငံပြာရည်အနည်းငယ်ထည့် သံပုရာရည်ညှစ်ထည့်ပြီး နယ်ပေးပါ ။
  8. အပေါ့ အငံ မြည်းပေးပြီး အရသာအနေတော်လျှင် အဆင်သင့် စားသုံးနိုင်ပါသည် ။
Credit: အစားအစာကမ္ဘာ
(Photo Credit: Yadana Moe)

Review

User Rating

5 (4 Votes)