ပါဝင်ပစ္စည်းများ – ကြက်သားကို အရသာနယ်ရန်

ကြက်သား – ၁ ကီလိုခွဲ

 

Source: CBS News

နွားနို့ – ၄၇၀ မီလီလီတာ
ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ငရုပ်သီးမှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ငရုပ်အရောင်မှုန့် – ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)
ငရုပ်ကောင်းအဖြူ မှုန့် – ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)

ပြုလုပ်နည်း

ပထမဆုံး ကြက်သားကို ခပ်ကြီးကြီး အရွယ်တုံးပြီး ဓားဖြင့် အနည်းငယ်စီ မွှန်းကာ ရေဆေး၍ ဇကာဖြင့် ရေစစ်ထားပါ။ (ကြက်တောင်ပံ ကြိုက်ပါက တောင်ပံကြီးပဲကြော်လို့ရပါသည်။)

ဇလုံ တစ်ခုထဲသို့ နွားနို့ ၄၇၀ မီလီလီတာ ထည့်ပြီး ကြက်သားနယ်ရန် ပါဝင်ပစ္စည်းများ အားလုံးတို့အား ပါဝင် အချိုးအစား အတိုင်း ထည့်၍ ကြက်သားကို ထည့်ကာ နယ်ပေးပါ။ ထို့နောက် ပလက်စတစ်အိပ် တစ်ခုထဲသို့ လောင်းထည့်ကာ အပေါ်မှ သေချာ ချည်၍ ရေခဲ သေတ္တာ ထဲတွင် ၄-နာရီ ကြာထည့်ထား ရပါမည်။

အကြော်မှုန့်ကို ဝယ်လျှင် Purpose Flour ရလျှင် ပိုကောင်းပါသည်။ မရလျှင် Plain Flourကို အသုံးပြု၍ ရပါသည်။ အကြော်မှုန့် ၂၀၀ ဂရမ် ထဲသို့ အကြော်မှုန့် အရသာ ပြုလုပ်ရန် ပါဝင်ပစ္စည်းများ အား ပါဝင် အချိုးအစား အတိုင်း ထည့်ပြီး နှံ့ အောင် မွှေထားပါ။

ထို့နောက် ကြက်သားများကို အကြော်မှုန့် ပေါ်သို့ တစ်တုံးခြင်း တင်ပြီး အကြော်မှုန့်ဖြင့် အသာအရာ လူးကာ ဆီများများ ထည့်ထားသည့် အိုးထဲသို့ ထည့်၍ ရွှေအိုရောင် သမ်းလာသည်ထိ ကြော်၍ အရသာရှိစွာ အသင့် စားသုံးနိုင်ပါသည်။ (ကြက်ကြော်ထဲ ထည့်သည့်နွားနို့ကို ရယ်ဒီမိတ် Buttermilk နို့ဗူးဖြင့်လည်း အလွယ်တကူ အသုံးပြု၍ ရပါသည်။)

အကြော်မှုန့်ကို အရသာ ပြုလုပ်ရန်

1. အကြော်မှုန့် – ၂၀၀ ဂရမ်

2. ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

3. ငရုပ်အရောင်မှုန့် – ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)

4. ငရုပ်ကောင်းအဖြူ မှုန့် – ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)

5. ကြက်သွန်ဖြူ မှုန့် – ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)

Credit: ဇွဲသုသု