သောက်ဆမ်း - Soup Curry | ရခိုင် - Rakhine | ကြက်သား - Chicken

ကြက်ခြေထောက် နှင့် မျှစ်ချိုဝါ ရခိုင်သောက်ဆမ်း

December 15, 2015

ကြက်ခြေထောက် နှင့် မျှစ်ချိုဝါ ရခိုင်သောက်ဆမ်း

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် ၁၀ ချောင်း
  • မျှစ်ချိုဝါနုနု ၅ ခု
  • မျှင်ငါးပိ(စိမ်းစားငါးပိ) ၁ ဇွန်း (ထမင်းစားဇွန်း)
  • စပါးလင် ၁ ချောင်း (အဖြူ ရောင်အပိုင်းသာ)
  • ငရုတ်သီးစိမ်း ၂၀တောင့်ခန့် 
  • နနွင်းမှုန့်  ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဂျင်းသေးသေး ၁တက်
  • မန်ကျည်းမှည့်အနှစ် ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း

  1. ပထမဦးစွာ ကြက်ခြေထောက်တွေကို ရေဆေးသန့်စင်ပြီး ဆား၊ နနွင်းအနည်းငယ်တို့ နှင့်အရသာနယ်ကာ ဂျင်း ၊စပါးလင် ဓါးပြားရိုက်တို ထည့်ပြီး ပြုတ်ပါ။
  2. အရည်ကြည်လေး ရဖို့အတွက် ထွက်လာတဲ့အညစ်အကြေး၊ အမြုပ်လေးတွေကို ခပ်ထုတ်ပေးရပါမယ်။
  3. ထိုစဉ်အတွင်း ငရုတ်သီးစိမ်း ၊မျှင်ငါးပိနှင့် ကျန်ရှိသော နနွင်းမှုန့်တို့ကို ရောပြီး ရေအနည်းငယ် ပါသည်ဆိုရုံလေးထည့်ပြီး ရေခမ်းအောင် ပြုတ်ပြီး ညှက်နေအောင် ထောင်း (သို့ ) ကြိတ်ပေးပါ။
  4. ပြုတ်ထားသော ကြက်ခြေထောက် ပြုတ်ထဲမှ ဂျင်း၊ စပါးလင် ဓါးပြားရိုက်ကို ဖယ်ထုတ်ပစ်ပြီး ထောင်းထားသော ငရုတ်သီးကိုထည့်ပါ။
  5. မျှစ်ချိုနုလေးတွေကို လေးစိတ်ဖြစ်အောင် ဓါးနဲ့မွှန်းပြီး ထည့်ပေးပါ။
  6. ဆား ၊ဟင်းခတ်မှုန့် ၊ မန်ကျည်းသီးအမှည့်နှစ်တို့ ဖြင့် ချိုချဉ်ငံစပ်အရသာ လေးသွင်းပါ။
  7. စားသုံးတော့မယ်ဆိုရင် နံနံပင်လေး ခပ်ထည့်ပေးလိုက်ရင် အလွန် စားမြိန်အရသာရှိတဲ့ ရခိုင်ချက်နည်းလေးတစ်ခု မြည်းစမ်းခွင့်ရမှာပါ။
Credit: ဟင်းချက်နည်းများ

Review

User Rating

3.1 (23 Votes)