ကြာဇံ နှင့် မှို ဟင်းရည်

Share this on:

ကြာဇံ နှင့် မှို ဟင်းရည်က လုပ်ရလည်း လွယ်ပါတယ် ။ အရည်ကြည်လေးနဲ့ စပါးလင်လေး ပါတော့ မွှေးမွှေးလေး နဲ့ သောက်လို့လည်း ကောင်းတယ် ။  ကြာဇံ များများ ထည့်ပြီး ငြုပ်သီးမှုန့်ထည့် ၊ သံပုရာသီး ညှစ်မယ်ဆိုလျှင် ခေါက်ဆွဲတစ်ပွဲ အဖြစ်နဲ့လည်း စားလို့ ရပါတယ် ။  ချက်တဲ့ အချိန်ကလည်း ၁၅ မိနစ်လောက်ဘဲ ကြာပါတယ် ။  စားမြိန် ကြပါစေ ။

ပါဝင်ပစ္စည်းများ

  • ကြက်သား
  • ကြာဇံ (ရေစိမ် ထားပါ ။)
  • မှို (ကြွက်နားရွက်)
  • ခရမ်းချဉ်သီး
  • စပါးလင် ၁ ချောင်း (၄ ပိုင်း ပိုင်းထားပါ ။)
  • ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ ။)
  • ဆား
  • ကြက်ရိုးပြုတ်ရည် (အရိုးပြုတ်ရည် မရှိမှ ကြက်သားမှုန့် သုံးပါ ။)

ပြုလုပ်နည်း

  1. အိုးထဲတွင် ရေနွေးတည် ထားပါ ။
  2. ရေနွေးဆူလျှင် ကြာဇံကို ခဏထည့် ပြုတ်ပါ ။ ၁မိနစ်ခန့်သာ ရေနွေးထဲ ထားပြီး ချက်ခြင်း ရေအေးကို အပေါ်မှလောင်းချပါ ။ ပြီးလျှင် ရေစစ်ထားပါ ။
  3. ကြက်ရိုးပြုတ်ရည် (အရိုးပြုတ်ရည် မရှိမှ ကြက်သားမှုန့် သုံးပါ ) ထဲတွင် ကြက်သား နှင့် စပါးလင်ကို ထည့်ပြီး ပြုတ်ပါ ။
  4. ပြီးလျင် ခရမ်းချဉ်သီး နှင့် မှို (ကြွက်နားရွက်) တို့ကို ထည့် ပြုတ်ပါ ။
  5. စားခါနီးတွင် ဟင်းရည်ထဲသို့ ကြာဇံ နှင့်ဆားကို ထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်မြိတ်ကို အပေါ်မှဖြူးပါ ။
  6. အနံ့အရသာနှင့် ပြည့်စုံသော ဟင်းအရည်သောက် တစ်ခွက်ရပါပြီ ။
  7. ဆီနှင့် အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

4 (3 Votes)