ခေါက်ဆွဲ - Noodle Dishes | Recipes

ကြာဇံပာင်းခါး

December 9, 2015

ကြာဇံပာင်းခါး

Share this on:

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ - ၂၀၀ ဂရမ် (ရေ ၁၀ မိနစ်ခန့်စိမ်ပြီး ဆယ်၍ ရေစစ်ထားပါ)
  • ကြွက်နားရွက်မှိုခြောက် - ၅၀ ဂရမ် (ရေစိမ်ပြီး ပွလာပါက သဲမပါစေရန် အောက်ခြေကိုဖြတ်ပြီး ရေစင်စင်ဆေးကာ နှစ်ပိုင်းခန့်ဖြတ်ပြီးရေစစ်ထားပါ)
  • ပန်းခြောက် - ၅၀ ဂရမ် (အထုံးလေးတွေထုံးပြီး ၅ မိနစ်ရေစိမ်ပြီး ရေစင်စင် ဆေးကာရေစစ်ထားပါ)
  • ပဲလိပ်ခြောက် - ၅၀ ဂရမ် (၁၀ မိနစ်ခန့် ရေစိမ်ပြီး ပွလာလျှင် ၁ လက်မလောက်ဖြတ်ကာ ရေစစ်ထားပါ)
  • ငုံးဥ - ၂၀ လုံး ( ပြုတ်ပြီး အခွံခွာထားပါ)
  • ကြက်သွန်ဥနီသေေးသး - ၂၀ လုံး (အခွံခွာပြီး ရေဆေးထားပါ)
  • ဆား၊ နနွင်း၊ ငံပြာရည်၊ ငရုပ်ကောင်း
  • ကြက်သား နဲ့ ကြက်ရိုး - ၁/၂ ကီလိုဂရမ် (အသားကို သေးသေးတုံးပြီး ကြက်ရိုးကို နှစ်ပိုင်းသုံးပိုင်းခုတ်ကာ ဆား၊ နနွင်းနယ်ကာ ၁ နာရီခန့်နှပ်ထားပါ)
  • ကြက်သားချက်ရန် ကြက်သွန်နီ ၄ လုံး နှင့် ကြက်သွန်ဖြူ ၃ မွှာ (ငရုပ်သီးအစိမ်းမှုန့်ထည့်ကာ ညက်အောင်ထောင်းထားပါ)
  • ကြာဇံချက်ထဲ ထည့်စားရန် ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးပြီး ရေစိမ်ထားပါ)
  • သံပုရာသီး ၂ လုံး (အစိပ်လေးတွေ စိပ်ထားပါ)
  • နံနံပင် (ရေစင်စင်ဆေးပြီး လက်မ၀က်ခန့် ညှပ်ထားပါ)
  • ငရုပ်သီး အလှော်မှုန့်

ချက်ပြုတ်နည်း

  1. ထောင်းထားသောကြက်သွန်ကို နနွင်းမှုန့် ထည့်ကာဆီသတ်ပြီး ကြက်သား၊ ကြက်ရိုး ၊ ငံပြာရည်၊ ဆား ထည့်ကာ ချက်ထားပါ ။
  2. အိုးကြီးကြီးတွင် ရေ ၃ လီတာ ခန့်ကို တည်ထားပြီး ပွက်ပွက်ဆူလျှင် အခွံခွာထားတဲ့ ကြက်သွန်နီသေးလေး နှင့် ချက်ထားတဲ့ ကြက်သား၊ ကြက်ရိုးတွေကို ဆီစစ်ကာထည့်ပါ ။
  3. ထိုနောက် ကြွက်နားရွက်၊ မှို၊ ဆား၊ ငံပြာရည် ထည့်ပြီး ၁၅ မိနစ်ခန့် ကြာလျှင် ပန်းခြောက်၊ ပဲလိပ်ခြောက် နှင့် ငုံးဥ ထည့်ကာ ဆူအောင်ထားပြီး စားခါနီးမှ ပဲကြာဇံကို ထည့်ကာ ပွက်ပွက်ဆူလျှင် ပါးပါးလှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ ငရုပ်သီးအလှော်မှုန့် ထည့်ကာ သံပုရာရည်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ ။
Credit: Myanmar Foods & Other

Review

User Rating

1.3 (3 Votes)