ကြာဇံဟင်းခါး

Share this on:

ပါဝင်ပစ္စည်း

  • ကြက်သား (အတုံးသေးသေးတုံးထားပါ)။
  • ပဲပြားခြောက် (ရေစိမ်ထားပါ)၊ အရွယ်တော်ညှပ်ထားပါ။
  • ကြွက်နားရွက်မှို (ရေစိမ်ထားပါ)သန့်စင်ထားပါ။
  • ငုံးဥ၊ ဘဲဥ ကိုပြုတ်ပြီး ပါးပါးလှီးထားပါ။
  • ပဲကြာဇံ (ယိုးဒယား ထုပ်သုံးထားပါတယ်)။
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဂျင်း (ထောင်းထားပါ)။
  • သကြား အနည်းငယ်
  • ဆား
  • ငံပြာရည်
  • ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း

  1. ချက်မည့်အိုးထဲကို ကြက်သား၊ ဆား၊ ဆနွင်းမှုန့်၊ ငရုတ်နှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငံပြာရည် ထည့်ပြီးလုံးပါ ။
  2. အနံ့မွှေးလျှင် ရေထည့် ပွက်ပွက်ဆူအောင် တည်ပါ ။
  3. ကြွက်နားရွက်၊ မှို၊ ပဲပြားခြောက်၊ ရေစိမ်ထားတာ ထည့်ပါ ။
  4. ကြာဇံက ယိုးဒယား ထုပ်ထည့်ချက်တာမို့ ရေဆေးပြီးထည့်ပါ။ ရေစိမ်စရာမလိုပါ။
  5. ငုံးဥ၊ ဘဲဥ၊ ကြက်သွန်နီဥ ထည့်ပါ။
  6. အရသာကို စိတ်ကြိုက် ပြင်ဆင်ပါ။
  7. ငရုတ်ကောင်းမှုန့် ထည့်ပြီး သုံးဆောင်နိုင်ပါသည်။
  8. ငါးဖယ်ကို အလုံးလေးလုပ်ပြီး ထည့်၍ သုံးဆောင်နိုင်ပါသည်။
Credit: Yadana Cooking

Review

User Rating

1.5 (2 Votes)