*သြဇာသီး – မြန်မာသြဇာဆို လူတိုင်း သိကြမှာပါ ။ သြဇာသီးက ရောင့်ရဲခြင်း ဖြစ်စေတယ် ။ သွေးအား ကို တိုးစေတယ် (သွေးအားနည်းတဲ့ သူများ စားသင့်ပါတယ်) ။ နှုတ်ကို မြိန်စေတယ် ။ နှလုံးကို အကျိုး ပြုပြီး အားကိုလည်း ဖြစ်စေတယ် ။ ပူလောင်ခြင်း သွေးအန်၊ သွေးကျရောဂါ ဖြစ်ချင်းနှင့် လေပူထခြင်း ရောဂါ ပယ်ပျောက်နိုင်ပါတယ် ။ သြဇာသီးက ချို အေး နှလုံးအားကို ဖြစ်စေပြီး လေနှင့်သလိပ်ကို ပြု့တတ်တယ် ။ ဝဖြိုး စေနိုင်တယ် ။ အော့အန်ခြင်းကို ပယ်ဖျောက်စေ ပါတယ်။
*သြဇာအမြစ် – ဝမ်းလျောစေတတ်ပါတယ်။
*သြဇာအစေ့ – ကြေကျက်ခဲ၏ ဖျားနာခြင်း အနာ မီးအနာလျှံ ဖြစ်စေပါတယ်။ ကိုယ်ဝန်ကို လျှော တတ်သလို မျက်စိနာခြင်းကို ဖြစ်စေတတ်ပါတယ် ။
အစေ့ရဲ့ကောင်းကျိုးကတော့ – ခေါင်းမှာ သန်းရှိနေရင် အမှုန့် ပြုပြီး ထည့်ပေးပါ၊ သန်းသေ ပါတယ် ။ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားရ ခက်ခဲနေရင် သြဇာစေ့ သွေးပြီး သားအိမ်ဝမှာ လိမ်းပေးပါက လွယ် ကူစွာ မွေးဖွား နိုင်ပါတယ် ။
*သြဇာရွက် – ပြည်ပေါက် လိုသောအနာ အဖု အပိန့်များ ရှိခဲ့လျှင် သြဇာရွက်အစိုကို ဆား အနည်းငယ် နှင့် ရောကြိတ်၍ အနာကို အုံပေးလျှင် ရင့်သော အနာပြည် ပေါက်၍ နုသောအနာ ပိန် သွားပါလိမ့်မယ် ။
အကြောတက်၊ အကြောငုတ် ဖြစ်ခဲ့လျှင် သြဇာရွက်ကို ကျိတ်ချေပြီး အပြားလေး လုပ်ပြီးကပ်ပေးပါ ။
၎င်းအကြောတက်အကြောငုတ်ရောဂါပျောက်ကင်းပါတယ် ။ ကလေးငယ်များ ဖင်နီထွက်ခြင်း ရောဂါ အတွက် သြဇာရွက်ကို ပြုတ်၍ သော်၎င်း၊ အရွက် ညသိပ်ရေကို ၎င်းတနေ့ (၂) သို့ (၃) ကြိမ် ဆေး ကြောပေးပါ ။ ၎င်း (ဖင်နီနာ၊ အူကျနာ၊ စအိုနီနာ) ပျောက်ကင်း ပါတယ် ။

မှတ်ချက် အရှင်နာဂသိန် ပုံပြ ဆေးအဘိဓာန်မှ ဖေါ်ပြ ပါသည် ။
ကျန်းမာ ကြပါစေရှင့်။
Credit: ပန်းပန်ချီ။