ပြည်ကြီးငါးပဲငါးပိ

Share this on:

ဝက်သားပဲငါးပိ ၊ ကြက်သားပဲငါးပိ စတဲ့ဟင်းတွေကို ရိုးသွားပြီး ပင်လယ်စာလေးကိုမှ စားချင်တဲ့သူတွေအတွက် ပြည်ကြီးငါးပဲငါးပိလုပ်      နည်း လေးကို တင်ဆက်ပေးချင်ပါတယ် ။

 

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး  - ၂ကောင်
  • ငရုတ်သီးအခြောက်တောင့်  -  ၅တောင့်
  • ငရုတ်ပွ - ၁ ထောင့် (လေးထောင့်ပုံလေးများ လှီးထားပါ)
  • ခရမ်းချဉ်သီး - ၁လုံး (၆ စိပ် စိပ်ထားပေးပါ)
  • ကြက်သွန်ဖြူ - ၃ဥ
  • ပဲငါးပိ - စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဦးစွာ ပြည်ကြီးငါးထဲက အညစ်အကြေးများကို သန့်ရှင်းပေးပြီး အကွင်းလေးများ လှီးထားပါ ။ ပြီးရင် ပြည်ကြီးငါးကို ရေနွေးပူပူတွင် ခဏစိမ်ထားပြီး ရေစစ်ထားပါ ။
  2. ငရုတ်သီးအခြောက်တောင့်ကို ဆီပူထဲတွင် ထည့်ကြော်ပါ ။ ပြီးရင် ကြက်သွန်ဖြူကို ဓားပြားရိုက် ဆီသတ်ပြီး ပြည်ကြီးငါးထည့်ပါ ။ ငရုတ်ပွ တောင့် လှီးထားတာကို ထည့်ပါ ။
  3. ၃ မိနစ်လောက် အဖုံးအုပ်ထားပြီးရင် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်း ၊ ပဲငပိ စားပွဲတင်ဇွန်း တစ်ဇွန်း ၊ ကြက်သားမှုန့်နှင့် ခရမ်းချဉ်သီးစိတ်ထားတာလေးများကို ထည့်ပါ ။ ၂မိနစ်လောက် ချက်ပြီးရင်တော့ ပင်လယ်စာကြိုက်သူများအတွက် ပြည်ကြီးငါး ပဲငါးပိဟင်းလေးတစ်ခွက်ရပါပြီ ။
Credit : Goodymyanmar

Review

User Rating

2.7 (3 Votes)