ပါဝင်ပစ္စည်းများ

  • ဖက်ထုတ်ရွက်
  • Butter (ထောပတ်)
  • ကြက်သား
  • ကြက်သွန်နီ
  • ကြက်သွန်မိတ်

Chicken Layer Dumpling 1

  • Cheddar Cheese
  • ငရုတ်ကောင်း
  • ဆား၊ သကြား
  • ဆီ – အနည်းငယ်
  • ကြက်ဥ

ပြင်ဆင်ပြုလုပ်နည်း

အသင့်ဝယ်ထားတဲ့ ဖက်ထုတ်ရွက်လေးတွေကို Butter (ထောပတ်) ပါးပါးသုတ်ပါ။

ထောပတ်သုတ်ထားသော ဖက်ထုတ်ရွက် ၄ ရွက်ကို ညီညာစွာထပ်ပါ ။ ပြီးနောက် ဘာမှမသုတ်ထားသော အရွက်ကို အပေါ်ဆုံးမှ ထပ်အုပ်ပါ။

အစာသွပ်ရန် ၅ လွှာတချပ်စီ အဆင်သင့် ပြင်ထားပါ။

နူးအောင်ပြုတ်ထားသော ကြက်သားကိုဖျင်ပါ။ ကြက်သွန်နီကို အတုံးသေးသေးလှီးပါ။ ကြက်သွန်မိတ်ပါးပါးလှီးပါ။ Cheddar Cheese ကိုခြစ်ပါ။ ပြီးလျှင်ငရုတ်ကောင်း၊ ဆား၊ သကြား၊ ဆီအနည်းငယ် သင့်အောင်ထည့် နယ်ထားပါ။

အသင့်ပြင်ထားသော ဖက်ထုပ်ချပ်ပေါ် မွှေခေါက်ထားသော ကြက်ဥသုတ်ပြီး အစာတင်ပါ။ ပုံပါအတိုင်း တြိဂံပုံဖိခေါက်ပါ။

မီးအလယ်လတ်နှင့်ရွှေအိုရောင်ရအောင်ကြော်ပါ။ ကြက်သွန်မိတ်၊ ငရုတ်ဆီနှင့် တွဲဖက်၍ မိသားစုပျော်ရွှင်စွာစားသောက်နိုင်ပါပြီ။

Credit: Mgmg Kyawthwin