အချိုပွဲ - Desserts | ကြက်ဥ - Eggs

ကြက်ဥပူတင်းကျောက်ကျော

May 21, 2016

ကြက်ဥပူတင်းကျောက်ကျော

Share this on:

လွယ်ကူမြန်ဆန်ပြီး စားလို့လည်း ကောင်းတဲ့ ကြက်ဥပူတင်းကျောက်ကျောလေးကို လုပ်စားကြည့်ကြရအောင်နော် ။

ပါဝင်ပစ္စည်းများ

  • အာဂါးကျောက်ကျော အပြာ - တစ်ထုပ်
  • ကြက်ဥ - ၅ လုံး
  • သကြား - ၃ ဇွန်း
  •  နို့ဆီ - တစ်လုံး
  • နို့စိမ်း - တစ်လုံး
  • ရေ - ၁ လီတာ (တစ်ဗူး)

ပြင်ဆင်ပြုလုပ်နည်း

  1. အာဂါကျောက်ကျောအပြာ ၊ ကြက်ဥ ၊ သကြား ၊ နို့ဆီ ၊ နို့စိမ်း တို့အားလုံးကို သမအောင် ရောမွှေထားပါ ။
  2. ရေတစ်လီတာကို ကျောက်ကျောကြိုမည့် အိုးထဲမှာထည့်ပြီး ဆူအောင်တည်ပါ ။  ရေဆူလာပါက ရောမွှေထားတဲ့ ပါဝင်ပစ္စည်းအားလုံးကို ထည့်မွှေပေးပါ ။  အဆက်မပြတ်မွှေပေးပါ ။  မီးပြင်းပြင်းဖြင့် ကြိုပါ ။  အိုးကပ်တတ်သည့်အတွက် အိုးကြမ်းပြင်ထိရောက်အောင် မွှေပေးပါ ။
  3. ကြက်ဥအနှစ်လေးတွေ ပုံပါအတိုင်း ခဲလာတဲ့အထိ ကြိုရပါမည် ။  ကြက်ဥအနှစ်နဲ့ ကျောက်ကျောသား ကွဲလာပြီဆိုလျှင် ရပါပြီ ။ ဗန်းထဲလောင်းထည့် အအေးခံပြီး အေးလျှင် ရေခဲသေတ္တာထဲတွင် ခဏထည့်ပြီးမှ စားပါက ပိုကောင်းပါသည် ။
Credit: တင်တင့် လက်ရာ

Review

User Rating

3 (87 Votes)