လက်တွေက မျက်နှာထက်စာရင် ပိုပြီး အိုမင်းလွယ်ကြပါတယ်။ ဒါပေမယ့် လက်တွေကို သေချာ ထိန်းသိမ်းထားမယ်ဆိုရင်တော့ ဒီလို အိုမင်းမှုကနေ ကာကွယ်နိုင်ပါတယ်။

လက်တွေကို သေချာဂရုတစိုက်ဆေးကြောပါ

14816460-28661460-1-0-1498024220-1498024233-0-1498162026-0-1498164535-1498164552-650-1-1498164552-650-1bdebcd924-1498219113

  • ခဏခဏ ဆပ်ပြာနဲ့ ထိတွေ့တဲ့လက်တွေက စိုစွတ်မှုတွေ မရှိတော့ဘဲ ခြောက်သွေ့ကွဲအက်လာတတ်ပါတယ်။
  • ဒါကြောင့် မလိုအပ်ဘဲ Antibacterial ဆပ်ပြာတွေ၊ ရေမွှေးပါတဲ့ ဆပ်ပြာတွေမသုံးပါနဲ့။ သံလွင်ဆီတို့ ရှားစောင်းလက်ပတ်တွေပါတဲ့ ဆပ်ပြာတွေကို သုံးပါ။
  • လက်ကို အရမ်းပူတဲ့ရေတွေနဲ့ မဆေးဘဲ ရေနွေးနွေးလေးနဲ့ဘဲ ဆေးပါ။
  • လက်အခြောက်ခံစက် Dryers တွေကို မသုံးဘဲ၊ တစ်ရှူးနဲ့ဘဲ သုတ်ပါ။

 

လက်အိတ် စွပ်ပါ

14816510-28217260-2-0-1498022174-1498022182-650-1-1498022182-650-570c9f8428-1498219113

  • ပန်းကန်ဆေးတဲ့အချိန်မှာ အေးခဲတာ၊ ဓာတုပစ္စည်းတွေ ကြောင့်လက်တွေကို ပိုပြီး အိုမင်းစေပါတယ်။ ဒါကြောင့် လက်အိတ်စွပ်ပါ။
  • သစ်ပင် ပန်းမန်တွေ စိုက်ပျိုးရာမှာလည်း လက်အိတ်စွပ်သင့်ပါတယ်။

Hand Cream သို့ Lotion လိမ်းပါ

14816560-28660410-3-0-1498022490-1498022495-0-1498162051-0-1498164386-1498164389-650-1-1498164389-650-10c9191622-1498219113

  • Hand Cream တချို့ကလည်း ဆပ်ပြာလိုဘဲ ဆိုးကျိုးတွေရှိတာကြောင့် သတိထားပြီး သုံးသင့်ပါတယ်။
  • Hand Cream ဒါမှမဟုတ် Lotion ကို တစ်နေ့ကို ၂ ကြိမ်ထက်မနည်းလိမ်းပေးပါ။ ကိုယ်က အသားအရေ ခြောက်တဲ့သူဆိုရင် ဆပ်ပြာနဲ့ လက်ဆေးပြီးသားနဲ့ လိမ်းပေးပါ။
  • ရေ များများသောက်ပါ။
  • လက်သည်းကိုပါ ဗီတာမင် E နဲ့ထုတ်ထားတဲ့ Cream လေးတွေ လိမ်းပေးပါ။

လက်ကိုလည်း Scurb လုပ်သင့်

14816610-28661360-0-0-1498024171-1498024177-0-1498162061-0-1498164514-1498164517-650-1-1498164517-650-740b5f0443-1498219113

  • မျက်နှာလိုဘဲ လက်လည်း တစ်ပတ်ကို တစ်ကြိမ်လောက်တော့ Scurb လုပ်သင့်ပါတယ်။

 

လက်ကို Scrub လုပ်ဖို့

  • ထောပတ်သီး တစ်လုံးရဲ့ တစ်ဝက်
  • ကြက်ဥ ၁လုံးရဲ့ အနှစ်
  • သံပုရာသီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တို့ကို ရောပြီး လက်မှာ လိမ်းကာ မိနစ် ၂၀လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

အပြင်ထွက်ရင် နေရောင်ဒဏ်ကို ကာကွယ်နိုင်တဲ့ SPF ပါတဲ့ Lotion ကို လက်မှာ လိမ်းပေးပါ။