Recipes | သနပ် - Pickles

သရက်သီး အစိမ်းသနပ်

March 29, 2016

သရက်သီး အစိမ်းသနပ်

Share this on:

အိမ်မှာကြွေတဲ့ သရက်သီးမို့ အစေ့မယှက်သေးတဲ့ သိပ်မရင့်တဲ့ အနေကို သုံးပါတယ် ။

ပါဝင်ပစ္စည်းများ

  • သရက်သီး
  • ဆား
  • သကြား
  • ဆေးသကြားခဲ
  • ဆီ
  • ငြုပ်သီး အရောင်တင်မှုန့်
  • နံသာစေ့
  • ဖာလာစေ့
  • မဆလာ
  • ကြက်သွန်ဖြူ

ပြုလုပ်နည်း

  1. သရက်သီးကို အလုံးလိုက် ရေဆေးပြီး ရေစစ်ပါ ။
  2. လေးစိပ်စိတ်ပြီး တဝက်စီ ပြန်တုံးပါ ။
  3. ဇလုံတခုထဲ ထည့်ပြီး သရက်သီး အနည်းအများ ကြည့်ပီး ဆားသင့်ရုံ ထည့်နယ်ပါ ။
  4. နေပူပူမှာ အဖုံးမအုပ်ဘဲ ၄ရက်ခန့် လှမ်းပေးပါ ။  နောက်နေ့ နေလှမ်းတိုင်း သမအောင် လှုပ်ပေးပါ ။
  5. သူ့အလိုလို ထွက်လာတဲ့ အရည် အနည်းအများပေါ် မူတည်ပြီး ၃ရက် (သို့မဟုတ်) ၄ရက် လှန်းရပါတယ် ။
  6. နောက်းဆုံး လှန်းမဲ့နေ့ကျမှ သကြားနဲ့ ဆေးသကြားခဲကို (အချိုကြိုက်ရင် ဆေးသကြားခဲလေး ပိုထည့်ပေါ့နော်) ထဲ့နယ်ပြီး နေတရက် လှန်းလိုက်ပါ ။  အဲ့အချိန်မှာ အရည်က မခန်းတခန်း ဖြစ်ရပါမယ် ။  အစိမ်းသနပ် ဆိုတော့ တအားခြောက်အောင် လှန်းရင်မာ သွားပါတယ် ။
  7. သရက်သီး မြှပ်လောက်အောင် ဆီအနေအထားကို ချက်ပြီး ဆီဆူရင် အိုးကို မီးဖိုပေါ်မှ ချ၍ နှစ်သက်ရာ အမွှေးအကြိုင်များ(နံသာစေ့၊ဖာလာစေ့ ၊ မဆလာ) တို့နဲ့ ငြုပ်သီး အရောင်တင်မုန့်တို့ကို ဆီသပ်ပါ ။  လိုအပ်မှ မီးဖိုပေါ်ပြန်တင်ပါ ။ (တူးလွယ်လို့ပါ)
  8. ဆီသပ် ထားတာ အေးသွားမှ သရက်သီး ထည့်မွှေပါ ။
  9. ကြက်သွန်ဖြူ ကတော့ နစ်သက်ရင် ထည့်နိုင်ပါတယ် ။
Credit: Thida Aung

Review

User Rating

4 (3 Votes)