ဆိုင်မှာသွားဝယ်စရာမလိုဘဲ အိမ်မှာပဲ အရသာရှိတဲ့ ပူတင်းလေးကို လုပ်စားကြမယ်။

ပါဝင်ပစ္စည်းများ

နွားနို့ – တစ်လီတာ

ကြက်ဥ – ဆယ်လုးံ

သကြား – ရှစ်ဇွန်း

နို့ဆီ – နှစ်ဇွန်း

ဂျုံ – နှစ်ဇွန်း

ပြုလုပ်နည်း

‪‎နွားနို့ အရင်‬ ကျိုပါ။ ‪‎ကြက်ဥနဲ့‬ တခြား ပစ္စည်းးများ မွှေစက် နဲ့ ရောမွှေပါ။ အရောင်ပြောင်းသည်ထိ ဖြေးဖြေးမွှေပါ။

ပြီးလျှင် နွားနိုနှင့် ရောပြီး တခါပြန်ပြီး နဲနဲချင်း ဆီပြန်မွှေပါ။ ပြီးလျှင် ခွက်လေးတွေထဲထည့်ပါ။

‎Oven‬ထဲက ဗန်းထဲ ရေထည့်ပြီး ပူတင်းခွက်များထည့်ပါ။ ‪အောက်မီး 200‬°နဲ့40မိနစ်ထားပါ။

‪ကျက်လျှင်‬ အပေါ်မီး 5 မိနစ်ပေးပါ။ ဒါဆို အအေးခံထားပြီး သုးံဆောင်လို့ရပါပြီ။

Credit: Daw Suu Suu