တစ်ခါတစ်လေ အခြောက်အခြမ်းလေးကိုပြောင်းပြီး စားကြည့်ချင်စိတ်မဖြစ်ကြဘူးလား။ ဒီလိုအခါမှာ ဈေးထဲမှာတွေ့ရတတ်တဲ့ ငါးဖောင်ရိုးလေးတွေကို စပ်စပ်လေးကြော်စားကြည့်ကြမယ်။

ပါဝင်ပစ္စည်း

  • ငါးဖောင်ရိုး ၂၅သား
  • ခရမ်းချဉ်သီး ၁၀သား
  • ကြက်သွန်ဖြူ ၁ဥ
  • ကြက်သွန်နီ ၂ဥ
  • ငရုပ်သီးကြမ်းမှုန့် အနည်းငယ်
  • ငံပြာရည် အနည်းငယ်
  • ဆီ ၅ကျပ်သားခန့်
  • ဆား အနည်းငယ်
  • နံနံပင်

ပုလုပ်နည်း

ငါးဖောင်ရိုးတွေကို သန့်စင်ပြီး သေးသေးညှပ်ပါ။

ငါးဖောင်ရိုး အကြွပ်ကြော်ပြီး ဆယ်ထားပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငံပြာရည် အနဲငယ် ထည့်ရျ် ဆီသက်ပါ။

ဆီပြန်တော့ ငရုပ်သီးကြမ်းမှုန့်ထည့် ကြော်ပါ။

အချိုအငံ ထည့်ပြီး ကြော်ထားတဲ့ ငါးဖောင်ရိုး တွေထည့်ပြီးကြော်ပါ။

ခဏမွှေပြီး သုံးဆောင် နိုင်ပါသည်။

Credit: Daw Suu Suu