ဝိတ်ချနေလား။ တကယ်ပဲ ကြိုးကြိုးစားစား ၀ိတ်ချနေတာလား။ ဒါပေမယ့် ၀ိတ်လည်းမကျနိုင်ဘူးဆိုပြီး စိတ်ညစ်နေလား။ အမျိုးသမီးတွေထဲက ၉၉% ခန့်ဟာ ကိုယ်အလေးချိန်လျှော့ချကြပေမယ့် လူတိုင်း တကယ် မထိရောက်ကြပါဘူး။ ဘာလို့လဲဆိုတော့ သင့်ဘ၀နေထိုင်မှုပုံစံကို ပြောင်းလဲသင့်သလောက် မပြောင်းလဲလိုက်လို့ပါ။

ဝိတ်ချတာ လွယ်တဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ အပျင်းကြီးပြီး စားမြဲတိုင်းစား ပျင်းမြဲတိုင်းပျင်းနေမယ်ဆိုရင် ကိုယ်အလေးချိန် ကျစေမှာမဟုတ်ပါဘူး။ ၀ိတ်အမှန်တကယ် ချနေပေမယ့် ၀ိတ်ဘာလို့ တကယ်မကျလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

၁။ ကြွက်သားနဲ့ အဆီအကြောင်းကို ခွဲခွဲခြားခြား မသိလို့

1.-Know-The-Difference-Between-Fat-And-Mass

ကြွက်သားက အသားအရေ ကျစ်လျစ်ပြီး အဆီကတော့ အသားအရေ ပွပြီး ပျော့တွဲတွဲဖြစ်စေပါတယ်။ ဒါပေမယ့် ကြွက်သားရဲ့ အလေးချိန်က ပိုများတယ်ဆိုတာ သင်သိထားသင့်ပါတယ်။

၂။ သင့်ဝိတ်ချတဲ့ ရည်မှန်းချက်က လက်တွေ့မကျဘူး

သင့်ရဲ့ ကိုယ်အလေးချိန်လျှော့ချချင်တဲ့ ရည်မှန်းချက်ပန်းတိုင်က သင့်ကို စိတ်မကျေနပ်စေဘူး။ တကယ်တမ်းလည်း လက်တွေ့မကျဘူးဆိုရင် သင်ဝိတ်ကျမှာမဟုတ်ပါဘူး။ တစ်ပတ်အတွင်း ၁၀ ပေါင်ကျမယ် ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေဓာတ်အလေးချိန်ကို ကျချင်တာမဟုတ်ပါဘူး။ အဆီကျချင်နေတာဖြစ်တယ်ဆိုတာ နားလည်ထားပါ။

၃။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာ စားတယ်လို့ထင်နေတယ်

3.-You-Think-You-Eat-Healthy

နောက်ထပ် ၀ိတ်ချနေပေမယ့် ၀ိတ်မကျတဲ့ ပြဿနာကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာ မစားဘဲ သူတို့စားတာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်လို့ ထင်နေလို့ပါပဲ။

၎။ လေ့ကျင့်ခန်းကို တမျိုးထဲလုပ်လို့ဖြစ်တယ်

5.-You-Are-Not-Doing-A-Mixed-Workout

လေ့ကျင့်ခန်းလုပ်တာဟာ အစုံလုပ်မှ ထိရောက်မှုရှိတာပါ။ အစုံလုပ်တာမျိုးမဟုတ်ဘဲ တစ်ခုတည်းကိုပဲ လုပ်နေတာက သင့်ကို ကိုယ်အလေးချိန် ကျစေမှာမဟုတ်ပါဘူး။ တခါတလေ Cardio ဆိုတဲ့ လေ့ကျင့်ခန်းဆော့လိုက်၊ အပေါ်ပိုင်းဆော့လိုက်၊ အောက်ပိုင်းဆော့လိုက် တလှည့်စီလုပ်ပေးသင့်ပါတယ်။

၅။ သင်သုံးစွဲနေတဲ့ဆေးကြောင့်

တချို့က ရေရှည်စွဲပြီး သောက်ရတဲ့ ဆေးတွေ သောက်သုံးတာကြောင့် ၀တာပါ။ အဲဒီအတွက်လည်း ကိုယလက်လေ့ကျင့်ခန်း ကို ပုံမှန်လုပ်ပေးသင့်ပါတယ်။

၆။ ရေအလုံအလောက်မသောက်ခြင်း

young teenager drinking water after exercise.

ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အလေးချိန် ၇၅ % က ရေအလေးချိန်ဖြစ်ပါတယ်။ ရေဓာတ်ကို အလုံအလောက်ဖြည့်တင်းထားဖို့လိုပါတယ်။ ရေအလုံအလောက်မသောက်ရင် သင့်ရဲ့ တခြား လုပ်ဆောင်နိုင်မှု စွမ်းရည်ကို ကျလာစေမှာဖြစ်သလို အသားအရေလည်း ခြောက်သွေ့လာမှာပါ။

၇။ ပရိုတင်းဓာတ်အလုံအလောက်မစားခြင်း

9.-You-Do-Not-Consume-Enough-Protein

ဝိတ်တက်မှာစိုးလို့ အသားလုံးဝမစားတာမျိုး ပရိုတင်းဓာတ်ပါတဲ့ အသီးအရွက်တွေ မစားတာမျိုးမလုပ်သင့်ပါဘူး။ ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်ကို နေ့စဉ် ဖြည့်စွက်စားပေးသင့်ပါတယ်။ ဒါပေမယ့် အဆီလျှော့စားပါ။

၈။ ထိုင်မြဲ ထိုင်နေရတဲ့အလုပ်

11.-You-Have-A-Desk-Job

သင့်အလုပ်က စားပွဲပေါ်မှာ ထိုင်ပြီး လုပ်နေရတဲ့ အလုပ်ဖြစ်တယ်။ တစ်နေ့ကို ၈ နာရီလောက်နီးပါး ထိုင်ပြီး အလုပ်လုပ်နေရတဲ့အလုပ်ဖြစ်လို့ သင့်ကိုယ်အလေးချိန်မကျတာပါ။ ဒါ့ကြောင့် ၁၅ မိနစ် (သို့) နာရီဝက်တစ်ကြိမ် ရုံးတွင်း ဟိုဟို ဒီဒီလမ်းလျှောက်သင့်ပါတယ်။

၉။ အဆီလုံးဝ ရှောင်လိုက်ခြင်း

ဝိတ်တက်မှာစိုးလို့ အဆီကို လုံးဝ ရှောင်လိုက်တာမျိုးမလုပ်ပါနဲ့။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Omega 3 fatty acid အဆီတွေဟာ သင့်ကိုယ် ကိုယ်အလေးချိန်တောင် ကျစေပါသေးတယ်။ ဒါပေမယ့် အများကြီးတော့ မစားသင့်ပါဘူး။ ဗာဒံစေ့၊ သစ်ကြားသီး၊ သံလွင်ဆီ၊ ဖရုံစေ့၊ နေကြာစေ့ စတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီပါဝင်တဲ့ အစားအစာတွေကို စားပေးနိုင်ပါတယ်။

၁၀။ ဆော့စ်နဲ့သကြားစားသုံးမှု မလျှော့ချလို့ဖြစ်တယ်

13.-You-Still-Haven%u2019t-Cut-Down-Your-SugarCarb-Intake

သကြား၊ အချို စားသုံးမှု ဆိုဒီယမ်စားသုံးမှု မလျှော့ချတာကြောင့် ကိုယ်အလေးချိန် မကျတာပါ။ ကျန်းမာရေး အသားအရေအလှအပနဲ့ ခန္ဓာကိုယ်အတွက် လျှော့စားပေးသင့်ပါတယ်။

တခြားအကြောင်းရင်တွေလည်း အများကြီးရှိသေးပေမယ့် စာဖတ်သူတို့နဲ့ တိုက်ဆိုင်မယ် ထင်တာလေးကိုပဲ မျှဝေလိုက်တယ်နော်။