Tips & Stories | ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကြက်ဟင်းခါးသီးရဲ့ ဆေးဘက်ဝင်အစွမ်း(၆)မျိုး

September 26, 2016

ကြက်ဟင်းခါးသီးရဲ့ ဆေးဘက်ဝင်အစွမ်း(၆)မျိုး

Share this on:

ကြက်ဟင်းခါးသီးဟာ ခါးသက်တဲ့ အရသာရှိပြီး မြန်မာတွေအနေနဲ့ ငပိ၊ ငရုပ်သီး၊ ပုဇွန်ခြောက် စတာတွေနဲ့ အစပ်/အချို ချက်စား
လေ့ရှိတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ထမင်း မြိန်စေတဲ့ ဟင်းလျှာတွေထဲမှာ ပါဝင်သလို မြန်မာ့နိုင်ငံရဲ့ ဒေသအနှံ့မှာ စိုက်ပျိုးအောင်
မြင် ဖြစ်ထွန်းပါတယ်။ ဗမာကြက်ဟင်းခါးသီးလို့ ဒေသအခေါ် ခေါ်တဲ့ ဗိုက်ပူကြက်ဟင်းခါးသီးကိုတော့ အညာဆန်ဆန် ဒေသတွေ
မှာသာ အတွေ့ရများပြီး အလုံးသေးကာ အခါးဓာတ်ပိုပါတယ်။
မည်သည့် ကြက်ဟင်းခါးသီးဖြစ်စေ ဆေးစွမ်းထက်ပုံ အတူတူလို့
ယူစကြပြီး အချို့ကတော့ ဗမာမျိုးက ပိုပြီး ဆေးစွမ်းထက်တယ်လို့ ယူဆကြသူတွေလည်း ရှိပါတယ်။ ကြက်ဟင်းခါးသီးက ပေး
စွမ်းတဲ့ ဆေးဘက်ဝင်အကျိုးကျေးဇူး(6)မျိုးကတော့

ကြက်ဟင်းခါးသီးရဲ့အစွမ်းများ

1. သွေးထဲမှာရှိတဲ့ သကြားဓာတ်ကို လျှော့ချပေးခြင်း

သွေးထဲမှာ သကြားဓာတ် ပါဝင်မှုပမာဏများလာသည်နဲ့အမျှ သွေးချိုရောဂါ၊ နှလုံး၊ ဆီးချို-စတာတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါ တယ်။ ထိုရောဂါများကို ကြက်ဟင်းခါးသီးက မဖြစ်အောင် အကာအကွယ်ပေးနိုင်ပြီး နေ့စဉ် ဖျော်ရည်ကဲ့သို့ ဖျော်သောက်ပေး ခြင်းက ပိုပြီးထိရောက်တယ်လို့ သိရပါတယ်။

2. ဆီကျောက်ကို ကျေစေတယ်

ဆီးကျောက်တည်မှုကြောင့် အပေါ့သွားရတာ နာကျင်မှုခံစားနေရသူများအဖို့ ကြက်ဟင်းခါးသီးကို ပုံမှန်စားပေးသင့်ပါတယ်။
ကြက်ဟင်းခါးသီးဟာ အက်စစ်ဓာတ်အမြင့်စားကို ထုတ်လုပ်ပေးပြီး ဆီးလမ်းကြောင်းကို အနှောက်အယှက်ပေးတဲ့ ဆီးကျောက်
တည်ရောဂါကို သက်သာပျောက်ကင်းစေပါတယ်။

သနပ်ခါးရဲ့ ကျန်းမာရေးအာနိသင်(၇)မျိုး

3. ကိုလက်စထရောဓာတ်ကို လျှော့ချပေးတယ်

ကိုလက်စထရောဓာတ်များပြားလာတာနဲ့အမျှ လူခန္ဓာကိုယ်ကြီးဟာ နောက်ဆက်တွဲ ရောဂါတွေ အမြောက်အများကို လက်ခံ
ပေးရမယ့် အိမ်ကြီးသဖွယ် ဖြစ်သွားပါတယ်။ ကြက်ဟင်းခါးသီးကတော့ ခန္ဓာကိုယ်အနှံ့နဲ့ သွေးထဲမှာ ပျော်ဝင်နေတတ်တဲ့ ကို
လက်စထရောဓာတ်ကို လုံးဝ လျှောက်ချပေးနိုင်ပါတယ်။

4. ပန်ခရိယကင်ဆာကို ကာကွယ်ပေး

ကြက်ဟင်းခါးသီးဖျော်ရည်ဟာ ပန်ခရိယကင်ဆာကိုလည်း အထူးအကာအကွယ်ပေးပြီး အခြားကင်ဆာဆဲလ်များ ဖြစ်ပွားခြင်း
ကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ကောင်းခြင်းနဲ့ မျက်လုံး အမြင်ကြည်လင်ခြင်းကိုလည်း အထူးပေးစွမ်း
နိုင်လို့ စာရေးဆရာတွေ၊ ကွန်ပျူတာဆော့ဖ်ဝဲသမားတွေ အထူး သုံးသင့်ပါတယ်။

5. အရေအပြားကို အထောက်အကူပြု။

ကြက်ဟင်းခါးသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အသားအရေ ချောမွှတ်လှပမှုကို အထူး ကျေးဇူးပြုပါတယ်။ အသားအရေ ယား
ယံခြင်း၊ အဖုအပိမ့်ထွက်ခြင်းနဲ့ အင်ပျင်ဖုများဖြစ်ပေါ်ခြင်းကိုလည်း ပျောက်ကင်းစေပြီး အမျိုးသမီးများကို သွေးသားသန့်စင်စေ
ပြီး ဥတုလည်း မှန်ကန်စေပါတယ်။

ဆေးဘက်ဝင်ချင်း(ဂျင်း)ရဲ့ အံ့ဖွယ်အကျိုး(၅)မျိုး

6. အဆီကျပြီး အသဲကို အကာအကွယ်ပေးတယ်

ကြက်ဟင်းခါးသီးမှာ ပါတဲ့ ဓာတ်တွေက ကယ်လိုရီနဲ့ အဆီဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို အလျှင်အမြန်တိုက်ခိုက်ပေး
ပြီး ပေါင်ချိန်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် ကြက်ဟင်းခါးသီးဟာ အသဲပြင် အဆီဖုန်းခြင်းကိုလည်း အကာအကွယ်ပေးပြီး
အသဲကျန်းမာရေးကို အထူး အထောက်ကူပြုပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

4.3 (9 Votes)