ကျန်းမာရေး - Health | ဟင်းချက်ဖွယ်ရာများ - Ingredients | အထွေထွေ ဗဟုသုတ - General Knowledge

သင်္ဘောသီး၏အသုံးဝင်ပုံနှင့်အကျိုးကျေးဇူးများ

August 6, 2016

သင်္ဘောသီး၏အသုံးဝင်ပုံနှင့်အကျိုးကျေးဇူးများ

Share this on:

သင်္ဘောသီးသည် ရာသီသုံးရာသီးလုံးမှာ မြင်တွေ့နိုင်တဲ့အသီးဘဲဖြစ်ပါတယ်။ သဘော်သီးကိုစားသုံးခြင်းဖြင့်
ဗီတာမင်များစွာရရှိစေပြီး အသားအရည်ကိုလည်းစိုပြေလှပစေပါတယ်။ သင်္ဘောသီးမှာ ဗီတာမင် အေ၊စီ၊အီ နဲ့
ဗီတာမင် ကေ စတဲ့ဗီတာမင်ဓာတ်များစွာပါဝင်ပြီး ကိုယ်ခန္ဓာအတွက်ကောင်းမွန်တဲ့ ဓာတ်များဖြစ်သော
Magnesium, Potassium, Niacin, Carotene, Proteins, Fibers နဲ့ Papain Enzyme
များပါဝင်ပါတယ်။

ထို့အပြင် နောက်ထပ်များစွာသော ကောင်းကျိုးများကိုလည်း ပေးစွမ်းပါသေးတယ်။ အောက်ပါ (၁၀)ချက်ကတော့
သဘော်စီးမှရရှိသော ကောင်းကျိုးများ (၁၀)ချက်ကိုဖော်ပြပေးထားတာဘဲဖြစ်ပါတယ်။

၁။ အမာရွက်၊ အမည်းစက်များပျောက်ကင်းစေပါတယ်။

သင်္ဘောသီးသည် အမည်းစက်များ၊အမာရွက်များ တို့ကိုသက်သာပျောက်ကင်းစေပါတယ်။ ဒူး၊တံတောင်ဆစ် ညိုမည်း
ခြင်း၊ ဝက်ခြံအမာရွက်၊ ဆားဝက်ခြံ အစရှိသည်တို့ကို သဘောင်္သီးဖြင့်ကုသလို့သက်သာပျောက်ကင်းစေပါတယ်။

၂။ အရေးအကြောင်းများဖြစ်ပေါ်ခြင်းကိုသက်သာစေပါတယ်။

သင်္ဘောသီးမှာ antioxidant များပါဝင်သောသောကြောင့် မျက်နာတစ်ဝိုက်မှာရှိနေတဲ့ အရေးအကြောင်းများကို
ဖြေဖျောက်ပေးပါတယ်။ ဗီတာမင် စီဓာတ်ပါဝင်သောကြောင့်လည်း အသားအရည်မညီညာခြင်းကို ညှိပေးပါပြီး
cell သေတွေကိုလည်းပြန်လည်ရှင်သန်စေပါတယ်။ ထို့ကြောင့် ၂၀ကျော် အမျိုးသမီးတိုင်း သင်္ဘောသီးကို
မိတ်ဆွေဖွဲ့ထားပြီး ပုံမှန်စားသုံးပေးခြင်း၊ အသားအရည်ပေါ်မှာညှင်သာစွာပွတ်တိုက်ပေးခြင်း စသည့်လုပ်ဆောင်
ချက်တွေကို မပျတ်မကွက်လုပ်ဆောင်သင့်ပါတယ် ရှင်။

၃။ အသားပတ်၊အသားကွဲများကို ပျောက်ကင်းစေပါတယ်။

ဆောင်းတွင်းမှာအသားပတ်ခြင်း နှင့် ဆောင်းရာသီနှင့်မဆိုင်ဘဲ ခြောက်ကပ်သောအသားအရည်ပိုင်ရှင်များ
ဖြစ်တတ်လေ့ရှိသောအသားကွဲခြင်း၊ ခြေဖနောက်ကွဲခြင်းများကို သဘော်သီးဖြင့်လွယ်ကူစွာကုသလို့ရပါတယ်။
သင်္ဘောသီးကိုအရည်ဖျော်(ပျစ်ပျစ်)ပြီး အသားကွဲ၊အသားပတ်သောနေရာများတွင် ပုံမှန်လိမ်းပေးခြင်းဖြင့်
လျင်မြန်စွာသက်သာစေပါတယ်။

၎။ မွေးညှင်းလေးတွေကို လျော့ပါးစေပါတယ်။

မိန်းကလေးအများစုတို့သည် လက်ပြတ်၊crop-top၊စကပ်အတို၊ဘောင်းဘီအတိုများဝတ်ဆင်ကြသောအခါမှာ
မိမိတို့ရဲ့  ခြေလက်မှ မွေးညှင်းတွေဟာအကျီးတန်စေပြီး အနှောက်အယှက်တစ်ခုဘဲဖြစ်ပါတယ်။ဒီပြသနာကို
ဖြေရှင်းဖို့ ဓါတုဗေဒအမွေးချွတ်ဆေးများအသုံးပြုလျင် အသားအရည်ကိုပျက်စီးစေပါတယ်။
ထို့ကြောင့် သင်္ဘောသီးအစိမ်းကိုအတုံးသေးသေးလေးတွေတုံးပြီး ပွတ်တိုက်ပေးပါက မွေးညှင်းလေးတွေကို
လျော့ပါးစေပါတယ်။အဘယ့်ကြောင့်ဆိုသော် သင်္ဘောသီးမှာပါတဲ့ Papain Enzyme ဟာမွေးညှင်းလေး
များကြီးထွားလာခြင်းကိုမဖြစ်စေပါဘူး ရှိနေတဲ့မွေးညှင်းလေးများကိုလည်းလျော့ပါးသွားစေပါတယ်။

၅။ ဆံပင်ကိုကျန်းမာသန်စွမ်းစေပါတယ်။

သင်္ဘောသီးဟာဆိုရင်တော့ ဆံပင်သန်စေပြီး ပျော့ပျောင်းနူးညံစေသောကြောင့် ဖြောင့်စင်းနေသောဆံနွယ်ကို
နှစ်သက်သူများအတွက် မိတ်ဆွေကောင်းဘဲဖြစ်ပါတယ်။ ဆံပင်ကျဲ၊ ဆံပင်ဆံလုံးသေးပြီး၊ ဆံပင်မသန်သူများ
အတွက်လည်းမိတ်ဆွေကောင်းပါဘဲ ရှင်။ ဆံပင်နှင့်ပတ်သက်သောပြသနာများကို ကိုင်တွယ်ဖြေ၇ှင်းနည်းက
တော့သဘော်သီးကိုဖျော်ရည်လုပ်(ပျစ်ပျစ်)ပြီး ဆံပင်နှင့်ဦးရေပြားအပေါ်မှာ များများလိမ်းပေးပြီးပါ တစ်ပတ်ကို
၂ကြိမ်ပြုလုပ်ပေးခြင်းဖြင့် ကျန်မာသန်စွမ်းတဲ့ဆံကေသာကိုပိုင်ဆိုင်နိုင်ပါပြီ ရှင်။

၆။ ဗြောက်ပျောက်စေပါတယ်။

ခေါင်းမလျှော်ခင်မှာ ဒိန်ချဉ်ထဲကို သင်္ဘောသီးဖျော်ရည်(ပျစ်ပျစ်)ကိုထည့်ပြီး ရောသမမွှေလိုက်ပါတယ်
ပြီးတော့ ဆံပင်နဲ့ဦးရေပြားအနှံ လိမ်းလိုက်ပြီး ၁၀မိနစ်လောက်ပေါင်းတင်ထားလိုက်ပါတယ်။ စာရေးသူ
ကတော့ ဘယ်ဗြောက်ပျောက်ခေါင်းလျော်ရည်သုံးသုံး ဘယ်Brandနဲ့ဖြစ်ဖြစ် မသက်သာခဲ့ပါဘူး သို့သော်
သဘော်သီးနဲ့ဒိန်ချဉ်ကိုရောသမမွေပြီး ပေါင်းတင်လိုက်မှဘဲ ဗြောက်များပျောက်ခြင်းမလှပျောက်သွားပါတော့
တယ်။

အဘယ်ကြောင့်ဆိုသော် သဘော်သီးမှာပါဝင်တဲ့ Enzyme ကဗြောက်များကို အပြတ်ချေမှုန်းနိုင်ပြီး ဆံကေသာ
မှာလိုအပ်နေသော အဆီကိုဖြည့်တင်းပေးလို့ဘဲဖြစ်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

3.3 (4 Votes)